ကျောင်းသားခေါင်းဆောင် ကိုဖုန်းမော်နှင့် ကိုစိုးနိုင် ကျဆုံးခြင်း အထိမ်းအမှတ် သပိတ်မှောက်

ကျောင်းသားခေါင်းဆောင် ကိုဖုန်းမော်နှင့် ကိုစိုးနိုင် ကျဆုံးခြင်း အထိမ်းအမှတ် သပိတ်မှောက်
Photo - Source From Citizen Journalist

မတ်လ ၉ ရက်

ကျောင်းသား ခေါင်းဆောင် ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ ကျဆုံးခြင်း (၃၄) နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ် ပြောက်ကျားသပိတ် လှုပ်ရှားမှုကို မတ်လ ၈ ရက်နေ့ ညပိုင်းက ပြုလုပ်ခဲ့ကြောင်း ရန်ကုန် နည်းပညာ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂက ယနေ့ မတ်လ ၉ ရက်တွင် ထုတ်ပြန်သည်။

ယင်းပြောက်ကျား သပိတ် လှုပ်ရှားမှုကို ရန်ကုန် နည်းပညာ တက္ကသိုလ်ကျောင်း အဝင်ဂိတ်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး "ပေတရာပေါ်မှာစီးတဲ့ သွေးတွေ မခြောက်သေးဘူး၊ RIT သမိုင်း မရိုင်းစေရ" စာသားပါ ဘန်နာ ချိတ်ဆွဲခဲ့သည်။

ထို့အပြင် ရန်ကုန် နည်းပညာ တက္ကသိုလ် ဆိုင်းဘုတ်အား ဆေးအနီများ ပက်ဖြန်းခြင်း၊ ကိုဖုန်းမော်နှင့် ကိုစိုးနိုင် ကျဆုံးသော နေရာတွင် ခွပ်ဒေါင်း အလံနှင့် လွမ်းသူ ပန်းခွေချကာ အလေးပြု ခဲ့ကြသည်။

သပိတ် လှုပ်ရှားမှုကို ရန်ကုန် နည်းပညာ ကျောင်းသားများ သမဂ္ဂနှင့် ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂတို့ ပူးပေါင်း ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ကိုဖုန်းမော် သည် စစ်တပ်၏ အကြမ်းဖက် ပစ်ခတ်မှုကြောင့် ၁၉၈၈ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့တွင် ယင်း တက္ကသိုလ်ဝင်း အတွင်း ကျဆုံးခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required