မတ်လ ၈ ရက်
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် မြန်မာနိုင်ငံ အတွင်းရှိ စစ်ဘေးရှောင် အမျိုးသမီးများနှင့် ကလေး လူငယ်များ အတွက် ရန်ပုံငွေရှာပွဲကို Burmese Refugee Women Delhi အဖွဲ့က ယနေ့ မတ်လ ၈ ရက်တွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၌ ပြုလုပ်ခဲ့သည်။
“စစ်ဘေးရှောင် အမျိုးသမီးတွေနဲ့ ကလေး လူငယ်တွေ အတွက် လုပ်တာပါ။ ဒီပွဲမှာ ကြာဇံဟင်းခါး၊ သင်္ဘောသီးထောင်း၊ အုန်းနို့ ကျောက်ကျော၊ ဝက်သားသုပ်၊ ရေညှိ ထမင်းလိပ် ဆိုပြီး ငါးမျိုး ရောင်းပါတယ်။ ဒီပွဲက ရရှိထားတဲ့ ငွေတွေကိုတော့ ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ ရှိတဲ့ စစ်ဘေးရှောင် အမျိုးသမီး တွေကို ဦးစားပေး ထောက်ပံ့သွားမယ်” ဟု Burmese Refugee Women Delhi အဖွဲ့ ဥက္ကဋ္ဌ ကပြောသည်။
BRWD အဖွဲ့သည် နယူးဒေလီရောက် မြန်မာ စစ်ဘေးရှောင် အမျိုးသမီးများနှင့် ကလေး လူငယ်များကို ကူညီပေးနေသည့် အဖွဲ့အစည်း ဖြစ်ပြီး လက်ရှိ နယူးဒေလီမြို့၌ မြန်မာ စစ်ဘေးရှောင် ၆၀၀၀ ကျော် ရှိနေပြီ ဖြစ်ကြောင်း စစ်ဘေးရှောင် ကူညီပေးနေသူများ ထံမှ သိရသည်။