မတ်လ ၈ ရက်
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ရွာများ စုပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှု ၃၆၃ ရက်မြောက်အဖြစ် ယနေ့ မတ်လ ၈ ရက်တွင် ချီတက်ဆန္ဒပြ ကြသည်။
စစ်ကောင်စီတပ်များ ဒေသတွင်း နယ်မြေ ရှင်းလင်းရေး စစ်ကြောင်းများ ထိုးနေစဉ် “တောင်ယာခုတ်ဓါး ညီစေသားဟေ့” စာတန်း ကိုင်စွဲပြီး ကြွေးကြော်သံများ ဟစ်ကြွေး ချီတက်ခဲ့ကြသည်။
ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ် စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်နေ့မှ စတင် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။