ကနေဒါသံရုံးတွင် ယူကရိန်းကို ထောက်ခံအားပေးသည့် နဖူးစည်းစာတန်းများကို တရုတ်အမျိုးသားရေးဝါဒီများ ဖျက်ဆီး

ကနေဒါသံရုံးတွင် ယူကရိန်းကို ထောက်ခံအားပေးသည့် နဖူးစည်းစာတန်းများကို တရုတ်အမျိုးသားရေးဝါဒီများ ဖျက်ဆီး

ပေကျင်းမြို့တွင် ယူကရိန်းကို ထောက်ခံအားပေးရန် ကနေဒါသံရုံးက တပ်ဆင်ထားသည့် နဖူးစည်းစာတန်း များကို တရုတ်အမျိုးသားရေးဝါဒီများက ဖျက်ဆီးခဲ့ကြသည်။

အဆိုပါ လုပ်ရပ်ကို တရုတ်လူမှုကွန်ရက်မီဒီယာတွင် နာမည်ကျော်ကာတွန်းပညာရှင် ပေါင်သူချောင် အသုံးပြုသည် ့စာမျက်နှာတွင် မျှဝေခဲ့သည်။

ယူကရိန်းနိုင်ငံနှင့် ယူကရိန်းပြည်သူများနှင့် စည်းလုံးညီညွတ်ကြောင်း ဖော်ပြသည့် ယူကရိန်းနှင့် အတူရပ်တည်မည်ဟူသော ကြွေးကြော်သံများပါရှိသော နဖူးစည်းစာတန်းများကို ကနေဒါက အစောပိုင်းက ချိတ်ဆွဲခဲ့သည်။

တရုတ်လူမှုမီဒီယာ Weiboတွင် ပရိသတ် ၅၇၀ဝ၀ ရှိသော ရုပ်ရှင်ဒါရိုက်တာရုန်ကျန်က ကနေဒါ နဖူးစည်းများအား ဖျက်ဆီးခြင်း၏ နောက်ကွယ်တွင် ရှိနေခဲ့ပြီး Weiboတွင် ၎င်း၏ စက်ဆုပ်ဖွယ်ကောင်းသော လုပ်ရပ်ကို ပြသခဲ့သည်။

မင်းသမီးကီလာနှင့် ကျင်းရှင်းတို့ကိုလည်း ရုရှားဆန့်ကျင်ရေးမှတ်ချက်များ မျှဝေခြင်းကြောင့် Weibo မှ ပိတ်ပင်ခဲ့သည်။

ရုရှားသမ္မတပူတင်၏ ယူကရိန်းကျူးကျော်မှုကို ဆန့်ကျင်သည့် ရုရှား၏ စစ်ဆန့်ကျင်ရေးဆန္ဒပြပွဲအကြောင်း မျှဝေသဖြင့် ပရိသတ် ၃ သန်းနီးပါးရှိသည့် တရုတ်မင်းသမီး ကီလာ၏ Weiboအကောင့်လည်း ပိတ်ပင်ခံခဲ့ရသည်။ သူမက "ဘာမှမတည်မြဲဘူး၊ ခွဲခွာခြင်းပဲ တည်မြဲတယ်" ဟု ရေးသားခဲ့သည်။

ပူတင်နှင့် ယူကရိန်းကို ရုရှားကျူးကျော်မှုအပေါ် ပြစ်တင်ဝေဖန်သည့် မှတ်ချက်များတင်ပြီးနောက် Weiboသည် ပရိသတ် ၁၃ သန်းကျော်ရှိသည့် လိင်ပြောင်းထားသည့် အကသမား ကျင်းရှင်း၏အကောင့်ကို ဆိုင်းငံ့ လိုက်သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်ကို တရုတ်၏ ပံ့ပိုးကူညီမှုကြောင့် ယူကရိန်းရှိ တရုတ်ကျောင်းသားများသည် ယခုအခါ အထိတ်တလန့်ဖြစ်နေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly