ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ၃၆၂ ရက်မြောက် ချီတက်ဆန္ဒပြ

ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ၃၆၂ ရက်မြောက် ချီတက်ဆန္ဒပြ

မတ် ၇

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ရွာများ စုပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှု ၃၆၂ ရက်မြောက်အဖြစ် ယနေ့ မတ်လ ၇ ရက်တွင် ချီတက်ဆန္ဒပြ ကြသည်။ 

စစ်ကောင်စီတပ်များ ဒေသတွင်း နယ်မြေ ရှင်းလင်းရေး စစ်ကြောင်းများ ထိုးနေစဉ် စစ်အာဏာရှင် အလိုမရှိ ကြောင်း ကြွေးကြော်သံများ ဟစ်ကြွေး ဆန့်ကျင်ရေး တရားများ ဟောပြောခဲ့ကြသည်။

ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ် စစ်ကြောင်းသည် မတ်လ ၉ ရက်နေ့မှ စတင် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။
#Mizzima
#ယင်းမာပင်မြို့နယ် 
#ဆားလင်းကြီးမြို့နယ်
#ချီတက်ဆန္ဒပြ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly