ကနီမြို့နယ် ချောင်းမကျေးရွာကို စစ်ကောင်စီတပ် အကြောင်းမဲ့ မီးရှို့

ကနီမြို့နယ် ချောင်းမကျေးရွာကို စစ်ကောင်စီတပ် အကြောင်းမဲ့ မီးရှို့

မတ် ၆

စစ်ကိုင်းတိုင်း၊ ကနီမြို့ တောင်ဘက် ၁၃ မိုင်ခန့်အကွာ ချောင်းမကျေးရွာရှိ နေအိမ် ၂၇ လုံးကို စစ်ကောင်စီတပ်က ယမန်နေ့ မတ်လ ၆ ရက် ည ၁၀ နာရီ ဝန်းကျင်ခန့်တွင် အကြောင်းမဲ့ မီးရှို့ခဲ့ကြောင်း ဒေသခံက ပြောသည်။

”အဖွားတို့မှာ စစ်ကောင်စီတပ်တွေ လာပြီဆိုရင် ဘာလုပ်လို့ လုပ်ရမယ်မှန်း မသိဘူး၊ ရင်တွေတုန် ဒူးတွေတုန် နဲ့လေ၊ သူတို့လာပြီ ဆိုတော့ အဖွားတို့မှာ မပြေးနိုင်ဘူး၊ သားလေးတွေက ထမ်းခေါ်ပြီး လွတ်ရာကို သွားနေရတာ၊ အခုလည်း အဖွားတို့ အသိုက်အမြုံလေး အိမ်ကလေးကို ရက်ရက်စက်စက် မီးရှို့ သွားတယ်၊ အဖွားမြေးတွေ သားသမီးတွေ ရှေ့ရေးတွေ တွက်ပြီး အဖွားဘယ်လိုမှ မဖြေနိုင်ဘူး” ဟု နေအိမ် မီးရှို့ခံရသည့် ဒေသခံ အဖွားအိုက ဆိုသည်။

ချောင်းမကျေးရွာသည် မုံရွာ -ယာကြီးနှင့် မုံရွာ-ကနီ လမ်းဆုံတွင် တည်ရှိပြီး မတ်လ ၅ ရက်နေ့က စစ်ကောင်စီ တပ်များ တပ်စွဲပြီးနောက် ညပိုင်းတွင် ရွာတွင်းရှိ အိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။
 
#Mizzima
#ကနီမြို့နယ်
#ချောင်းမကျေးရွာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly