အိန္ဒိယနှင့် ကမ္ဘာ့စီးပွားရေး ပြန်လည်ကောင်းမွန်ရေးတွင် စစ်ဘေးဒဏ်များကြောင့် အခက်အခဲ ကြုံတွေ့နေရ

အိန္ဒိယနှင့် ကမ္ဘာ့စီးပွားရေး ပြန်လည်ကောင်းမွန်ရေးတွင် စစ်ဘေးဒဏ်များကြောင့် အခက်အခဲ ကြုံတွေ့နေရ

အိန္ဒိယနှင့် ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေး ပြန်လည်ကောင်းမွန်လာရေးတွင် ထုတ်လုပ်မှု လုပ်ငန်းများ၏ စစ်ဘေး စစ်ဒဏ်များနှင့် ကြုံတွေ့နေရကြောင်း အိန္ဒိယဘဏ္ဍာရေးဝန်ကြီး နာမာလာဆီသရာမန်က ဖေဖော်ဝါရီ ၂၅ ရက်တွင် ပြောကြားသည်။

သို့သော် ငြိမ်းချမ်းရေး အမြန်ပြန်လည်ရရှိမည်ဟု မျှော်လင့်ကြောင်းလည်း ၎င်းက ပြောကြားသည်။

“ကမ္ဘာမှာ ဖြစ်ပေါ်လာတဲ့ စိန်ခေါ်မှုအသစ်တွေက အိန္ဒိယရဲ့ ဖွံ့ဖြိုးမှုကို အခက်အခဲဖြစ်စေပါတယ်။ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်ခံနေရပြီး ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း အခုလို ထိခိုက်မှုမျိုးကို မကြုံတွေ့ရဖူးပါဘူး” ဟု Pune International Centre က စီစဉ်ကျင်းပသည့် ၂၀၂၂ ခုနှစ် အာရှစီးပွားရေး ဆွေးနွေးပွဲတွင် ဘဏ္ဍာရေးဝန်ကြီးက ပြောကြားခဲ့သည်။

“အနှောက်အယှက်မရှိဘဲ စီးပွားရေးဆက်လက်ကောင်းမွန်ဖို့ ကိုယ်ချင်းစာတရားရှိဖို့ လိုပါတယ်” ဟု ဆီသရာမန်က ပြောကြားသည်။

အနှောက်အယှက်အဟန့်အတားများကြောင့် အိန္ဒိယနိုင်ငံသာမက ကမ္ဘာ့နေရာအားလုံးရှိ နိုင်ငံများ စီးပွားရေး ပြန်လည်ကောင်းမွန်ရေးတွင် အနှောက်အယှက်များရှိနေကြောင်းလည်း ၎င်းက ပြောကြားသည်။

ရုရှားက ယူကရိန်းကို ကျူးကျော်ခြင်းကြောင့် ကမ္ဘာ့နိုင်ငံများ၏ တိုးတက်ရေးနှင့် ငွေကြေးဖောင်းပွမှုဆိုင်ရာ ဖိအားများကို ဖြစ်လာစေသည်။ ရေနံစိမ်း တစ်စည်လျှင်ဒေါ်လာ ၁၀၀ ကျော်အထိ ရောက်ရှိသွားခဲ့သည်။

ကပ်ရောဂါဖြစ်ပွားပြီးနောက် အိန္ဒိယ၏ စီးပွားရေး ပြန်လည်ကောင်းမွန်သည့် အခြေအနေနှင့် နီးစပ်လာခဲ့သည်။

အိန္ဒိယ၏ စီးပွားရေး ပြန်လည်တိုးတက်ကောင်းမွန်ရေးကို နည်းလမ်း ၃ ခုအပေါ် အခြေခံထားရာတွင် အစိမ်းရောင် စွမ်းအင်သို့ ပြောင်းလဲခြင်း၊ အနာဂတ်မျိုးဆက်သစ်များ၏ လိုအပ်ချက်များကို ဆောင်ရွက်ပေးရန် ဘက်စုံအခြေခံအဆောက်အအုံများကို တည်ဆောက်ပေးရေးနှင့် ကောင်းမွန်သော ဆေးရုံများ၊ ဆရာဝန်များ၊ သူနာပြုများဖြင့် ကျန်းမာရေးနှင့် ပညာရေးကဏ္ဍတို့ကို ပြန်လည်ပြုပြင်ရေးတို့ ဖြစ်သည်။

ယင်းအစီအစဉ်များ အောင်မြင်ရန် ဗဟိုနှင့် ပြည်နယ်အစိုးရတို့အကြား ပူးပေါင်းဆောင်ရွက်ရေးသည် အရေးကြီးကြောင်း ဘဏ္ဍာရေးဝန်ကြီးက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly