အာဖဂန်နစ္စတန်သို့ ခိုးသွင်းမည့် ရူပီးသန်း ၃၀၀ တန်ဖိုးရှိ ဓာတ်မြေဩဇာများကို ပါကစ္စတန် အကောက်ခွန် ဖမ်းဆီး

By Big News Network
06 March 2022
အာဖဂန်နစ္စတန်သို့ ခိုးသွင်းမည့် ရူပီးသန်း ၃၀၀ တန်ဖိုးရှိ ဓာတ်မြေဩဇာများကို ပါကစ္စတန် အကောက်ခွန် ဖမ်းဆီး

ပါကစ္စတန်ရူပီး သန်း ၃၀၀ တန်ဖိုးရှိ ယူရီးယား ဓာတ်မြေဩဇာ ကီလိုဂရမ် ၇၂,၀၀၀ ကို တင်ဆောင်ကာ အာဖဂန်နစ္စတန်သို့ ဦးတည်သွားရောက်ခဲ့သည့် ထရပ်ကားများကို ပါကစ္စတန် အကောက်ခွန်ဌာနမှ တာဝန်ရှိသူများက ဖေဖေါ်ဝါရီ ၂၁ ရက်တွင် ဖမ်းဆီးလိုက်သည်။

ထရပ်ကားနှစ်စီးတွင် အဆိုပါ ယူရီးယား ဓာတ်မြေဩဇာများကို အခြားကုန်ပစ္စည်းများအောက်၌ ဝှက်၍ တင်ဆောင်လာခြင်း ဖြစ်သည်။

ဒါ့ခါရှန်း ဧရိယာရှိ အကောက်ခွန်တာဝန်ရှိသူများက ယင်းဧရိယာအတွင်း စစ်ဆေးမှုများ လုပ်ဆောင်စဉ် ဓာတ်မြေဩဇာများကို တွေ့ရှိသိမ်းဆည်းခဲ့ခြင်းဖြစ်ကြောင်း Dawn သတင်းစာက ဖော်ပြသည်။

“ဒီထရပ်ကားတွေက ချာမန်း နယ်စပ်ကနေတဆင့် အာဖဂန်နစ္စတန်ကို ဦးတည်ခဲ့ကြတာပါ” ဟု ပါကစ္စတန်အရာရှိများက ပြောသည်။

ကားမောင်းသမားများကို ဖမ်းဆီးထားပြီး နောက်ထပ် စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်ရန် သက်ဆိုင်ရာအခွန်စည်းကြပ်မှု တာဝန်ရှိသူများထံသို့ လွှဲအပ်ထားသည်။

ယင်းမတိုင်မီ ပြီးခဲ့သည့် ရက်အနည်းငယ်ကလည်း ပါကစ္စတန် အကောက်ခွန်ဌာနသည် အဆိုပါ တူညီသော စစ်ဆေးရေးဂိတ်မှာပင် ယူရီးယား ဓာတ်မြေဩဇာ ကီလိုဂရမ် ၂၀,၀၀၀ ကို သိမ်းဆည်းရမိခဲ့သေးသည်။ နောက်ထပ် စီးနင်းရှာဖွေမှုတစ်ခုအတွင်း အာဖဂန်နစ္စတန်ကနေ တရားမဝင် မှောင်ခိုတင်သွင်းခဲ့သည့် အခွန်အကောက် မပေးဆောင်ထားသော ကားနှစ်စီးကို သိမ်းဆည်းရမိထားကြောင်း Dawn သတင်းစာက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly