ဖလမ်းမြို့နယ်နှင့် ကလေးမြို့နယ်တို့၌ ဖေဖော်ဝါရီလအတွင်းဖြစ်ပွါးသည့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၄၁ ဦးသေဆုံး

ဖလမ်းမြို့နယ်နှင့် ကလေးမြို့နယ်တို့၌ ဖေဖော်ဝါရီလအတွင်းဖြစ်ပွါးသည့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၄၁ ဦးသေဆုံး

မတ် ၅

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်နှင့် ကလေးမြို့နယ်အတွင်း ဖေဖော်ဝါရီလ ၁ရက်မှ ၂၈ရက်နေ့အထိ တစ်လအတွင်းစစ်ကောင်စီတပ်နှင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) တို့အကြား တိုက်ပွဲပေါင်း ငါးကြိမ်အထိဖြစ်ပွါးခဲ့ကြောင်း CNDFကထုတ်ပြန်သည်။

အဆိုပါတိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ သေဆုံးသူ ၄၁ ဦးအထိ ရှိခဲ့ပြီး ဒဏ်ရာရရှိသူပေါင်း ၅၀ ဦးခန့် ရှိခဲ့သည်ဟုချင်းအမျိုးသားအဖွဲ့ချုပ်မှ ယနေ့ မတ်လ ၅ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

တစ်လအတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် CNDF ဘက်မှ တိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် သူရဲကောင်း တစ်ဦးနှင့် မိုင်းထောင်စဉ် မတော်တဆပေါက်ကွဲမှုကြောင့် တစ်ဦး၊ စုစုပေါင်း နှစ် ဦး ကျဆုံးခဲ့ကြောင်းလည်း အဆိုပါထုတ်ပြန်ချက် အရသိရသည်။

#Mizzima

#ချင်းပြည်နယ်

#SNDF

#စစ်ကောင်စီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required