(ဆောင်းပါး) အကြမ်းဖက်စစ်ကောင်စီ၏ တန်ပြန်ပြောက်ကျားစစ်ဆင်ရေး စစ်နည်းဗျူဟာများ အပိုင်း(၁) 

(ဆောင်းပါး) အကြမ်းဖက်စစ်ကောင်စီ၏ တန်ပြန်ပြောက်ကျားစစ်ဆင်ရေး စစ်နည်းဗျူဟာများ အပိုင်း(၁) 

“ဖြတ်လေးဖြတ်နှင့် စစ်ကြောင်းကြီးငါးကြောင်း နည်းဗျူဟာ”

မင်းအောင်လှိုင်ရဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့တွေဟာ စစ်ကိုင်း တိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်နဲ့ ကရင်နီပြည်နယ်တွေ မှာ လူ/လက်နက် သာလွန်အင်အားကိုအသုံးပြုပြီး PDF တွေ၊ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(ပကဖ)တွေနဲ့ လူမျိုးစုတော်လှန်ရေးတပ်ဖွဲ့တွေအပေါ် ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။

အဲဒီလို ထိုးစစ်ဆင်တိုက်ခိုက်ရာမှာ ဒေသခံပြည်သူလူထုနဲ့ သူတို့ရဲ့ ကျေးရွာတွေအများအပြားကို လေကြောင်းက ဗုံးကြဲ၊ ဒုံးကျည်တွေ စက် သေနတ်တွေနဲ့ပစ်၊ လေကြောင်းချီတပ်တွေ၊ မြေပြင်တိုက်ခိုက်ရေးတပ်တွေ နဲ့ လက်ကိုင်တုတ်ပျူစောထီးတပ်ဖွဲ့တွေက တင့်ကားနဲ့ သံချပ်ကာကားတွေ ရဲ့ပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေနဲ့အတူ ကျေးရွာတွေကို ဝင်ရောက်စီးနင်း နေကြပါတယ်။

အဲဒီလို စီးနင်းရာမှာ PDF တွေကိုသာမက အပြစ်မဲ့ ဒေသခံပြည်သူ လူထုကိုပါ ပစ်ခတ်သတ်ဖြတ်တာတွေ၊ အရှင်လတ်လတ် အစုလိုက်အပြုံ လိုက် မီးရှို့သတ်ဖြတ်တာတွေ၊ ကျေးရွာတွေနဲ့ ဒေသခံပြည်သူလူထုတွေရဲ့ စားနပ်ရိက္ခာတွေ၊ သီးနှံစိုက်ခင်းတွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေကိုပါ မြေလှန် မီးရှို့ဖျက်ဆီးတာတွေကို ရည်ရွယ်ချက်ရှိရှိ ပြုလုပ်နေကြပါတယ်။ အဲဒီလို ပြုလုပ်နေတဲ့အတွက် သိန်းနဲ့ချီတဲ့ ဒေသခံပြည်သူတွေဟာ အိုးအိမ်စွန့်ခွာပြီး ထွက်ပြေးနေကြရပြီလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)ကလည်း တရားဝင် ထုတ်ပြန်ကြေညာထားပါတယ်။

စစ်ကောင်စီတပ်တွေက ဒီလိုပြုလုပ်နေကြတာဟာ ပြောက်ကျားစစ် ပါရဂူတွေဖြစ်ကြတဲ့ မော်စီတုန်းနဲ့ ဗိုငုယင်ဂီယက်တို့ရဲ့  “ပြည်သူနဲ့ ပြောက် ကျားတို့အကြားက ဆက်စပ်မှုဟာ ရေနှင့်ငါး လိုဖြစ်ပြီး၊ ပြည်သူဆိုတဲ့ ရေရှိမှသာ ပြောက်ကျားဆိုတဲ့ငါးဟာ ကူးခတ် အသက်ရှင် ရပ်တည်နိုင်မှာ ဖြစ်တယ်။” ဆိုတဲ့ အဆိုအမိန့်ကိုလက်ခံပြီး တန်ပြန်ပြောက်ကျားစစ် အတွက် “ရေမရှိ၊ ငါးမရှိ” နည်းဗျူဟာကို ကျင့်သုံးတဲ့အနေနဲ့ ပြည်သူ လူထုကို ပြောက်ကျားအခြေခံဒေသ‌တွေမှာ ရပ်တည်မနေနိုင်အောင် စနစ် တကျ စီမံချက်ရေးဆွဲချမှတ်ပြီး ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။ 

တန်ပြန်ပြောက်ကျားစစ်ဆင်ရေး သဘောတရားတွေထဲမှာ ပြောက် ကျားတွေကို စစ်ရေးအရဖိအားပေးခြင်း၊ ပြည်သူနဲ့အဆက်ဖြတ်ခြင်းနဲ့ အစိုးရရဲ့သြဇာအာဏာကို ထိရောက်အောင်ဆောင်ရွက်ခြင်း၊ ဆိုပြီး အကြမ်းအားဖြင့် အပိုင်းကြီးသုံးပိုင်း ခွဲခြားထားတာ တွေ့ရပါတယ်။

ပြောက်ကျားစစ်ရဲ့ အခြေခံလိုအပ်ချက်ဟာ ရေရှည်စစ်ပွဲအတွက် လုံလောက်တဲ့နယ်မြေနဲ့ ငွေကြေး၊ ရိက္ခာ၊ ဆေးဝါး၊ သတင်း၊ အစရှိတဲ့ အကူအညီအထောက်အပံ့တွေကို ပံ့ပိုးပေးနိုင်မယ့် ဒေသခံပြည်သူလူထုကို စည်းရုံးရရှိနိုင်ရေးပဲ ဖြစ်ပါတယ်။ 

ဒါကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်တွေက ဒီလိုအပ်ချက်တွေကို ပိတ်ဆို့ဖြတ်တောက်နိုင်ဖို့အတွက် ပြည်သူလူထုကို ပြောက်ကျားအခြေခံ ဒေသအတွင်းမှာရှိတဲ့ သူတို့ရဲ့ကျေးရွာတွေမှာ မနေနိုင်အောင်ပြုလုပ်ပြီး ရိက္ခာဖြတ်၊ ဝင်ငွေဖြတ်၊ သတင်းဖြတ်၊ လူထုနဲ့အဆက်အသွယ်ဖြတ်၊ ဆိုတဲ့ “ဖြတ်လေးဖြတ်”ဆိုတဲ့ တန်ပြန်ပြောက်ကျား စစ်နည်းဗျူဟာကို စီမံချက် ရှိရှိ ကျင့်သုံးနေကြတာ ဖြစ်ပါတယ်။

အကြမ်းဖက် စစ်ကောင်စီဟာ “ရေမရှိရင် ငါးလည်းမရှိနိုင်” ဆိုတဲ့ တန်ပြန်ပြောက်ကျားစစ်နည်းဗျူဟာကို လက်တွေ့ကျင့်သုံးရာမှာ “Push and Pull” နည်းလမ်းအဖြစ် ပြောက်ကျားတွေကို သာလွန်အင်အားနဲ့ စစ်ရေးအရ ဖိတိုက်ပြီး ပြည်သူလူထုနဲ့ဝေးရာကို တွန်းထုတ်တဲ့နည်းလမ်းနဲ့ ပြောက်ကျားအခြေခံဒေသတွေမှာရှိတဲ့ ကျေးရွာတွေကို မြေလှန်မီးရှို့ ဖျက်ဆီးပြီး ကျေးရွာလူထုကို ပျောက်ကြားတွေနဲ့အတူ နယ်စပ်အထိ ပြေးမလား၊ ဒါမှမဟုတ် သူတို့လုံခြုံရေးတပ်ဖွဲ့တွေထိန်းချုပ်ထားရာ ဒေသ တွေမှာရှိတဲ့  “စုစည်းကျေးရွာ”တွေကို ပြောင်းရွှေ့ခိုလှုံပြီး သူတို့နဲ့အတူ ပြောက်ကျားတွေကို ဆန့်ကျင်တိုက်ထုတ်ကြမှာလား ဆိုတဲ့ နည်းလမ်း တွေကို အသုံးပြုနေတာ တွေ့ရပါတယ်။ 

စုစည်းကျေးရွာတွေနဲ့ ပြောက်ကျားအခြေခံဒေသမှာ ကျန်ရှိနေဦးမယ့် ကျေးရွာတချို့ကိုလည်း စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ဌာနဆိုင်ရာ တွေပါဝင်မဲ့ နိုင်ငံရေး၊ စည်းရုံးရေး၊ လူမှုရေး၊ အုပ်ချုပ်ရေးနဲ့ ဒေသဖွံ့ဖြိုး ရေးဆိုတဲ့ “စစ်ကြောင်းကြီးငါးကြောင်း” ကို စေလွှတ်ပြီး နယ်မြေစိုးမိုး ရေးတွေ ပြုလုပ်ကြဖို့ စီစဥ်ဆောင်ရွက်နေကြတာ တွေ့ရပါတယ်။

လွန်ခဲ့တဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ မကွေးတိုင်း ဒေသကြီး စစ်ကောင်စီအစိုးရရဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ နယ်/လုံ ဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်းက ၂၀၂၁ ဇူလိုင်ကစပြီး ဒေသအတွင်း PDF လှုပ်ရှားမှုတွေ ပေါ်ပေါက်လာတဲ့အတွက် မကွေးတိုင်းအတွင်းရှိ မြို့နယ်ခြောက်ခုမှာ အစိုးရအုပ်ချုပ်ရေးယန္တရားတွေ ရပ်ဆိုင်းလုဖြစ်နေပြီး နယ်မြေခံတွေကလွဲလို့ အစိုးရဝန်ထမ်းတွေ ထွက်ပြေးနေရကြောင်း၊ PDF တွေဟာ ပြည်သူကိုအခြေခံထားပြီး ပြည်သူ့စစ်မဟာဗျူဟာကို အသုံးပြုနေကြတဲ့အတွက် PDF တွေကိုတိုက်ခိုက်ဖို့ တန်ပြန်ပြည်သူ့စစ် မဟာဗျူဟာ (Counter People’s War Strategy) ကို အသုံးပြုရမှာဖြစ် ကြောင်း၊ ပြည်သူလူထုကိုလည်း လက်ဦးမှုရယူပြီး စည်းရုံးကြရမှာဖြစ် ကြောင်း၊ ထည့်သွင်း ပြောဆိုခဲ့တာကို တွေ့ရပါတယ်။

PDF တွေရဲ့ ပြည်သူ့စစ်မဟာဗျူဟာကို တန်ပြန်မဟာဗျူဟာနဲ့ တိုက်မယ်ဆိုရင် အချက်ချနှစ်က် ရှိကြောင်း၊ ပထမအချက်အနေနဲ့ အကိုင်း အခက်တွေနဲ့ ပင်မရေသောက်မြစ်ကို ဖြတ်တောက်ပစ်ရမှာဖြစ်ကြောင်း။ ငွေကြေးရရှိနိုင်တဲ့နည်းလမ်းတွေနဲ့ အစားအသောက်၊ ရိက္ခာ၊ လက်နက် ခဲယမ်း၊ အင်အား၊ စတာတွေကို ဖြတ်တောက်ပစ်ရမှာဖြစ်ကြောင်း၊ ဒုတိယအချက်အနေနဲ့ ဒေသခံပြည်သူလူထုရဲ့ အားပေးထောက်ခံမှုကို ပြန်လည်ရယူကြဖို့ ဖြစ်ကြောင်း၊ ဇူလိုင်လကစပြီး အခုအချိန်အထိ အစိုးရ နဲ့ပြည်သူ အဆက်ပြတ်နေကြောင်း၊ ဒါကြောင့် ပြည်သူလူထုနဲ့ ပြန်လည် ထိတွေ့နိုင်ဖို့အတွက် သက်ဆိုင်ရာ တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ် အဆင့်၊ ဌာနဆိုင်ရာအကြီးအကဲတွေအနေနဲ့ လုံခြုံရေးအရ သွားရောက်နိုင် မယ့်နေရာတွေကို သွားရောက်ကြပြီး အုပ်ချုပ်မှုယန္တရားကို ပြန်လည် တည် ဆောက်ကြရမယ်ဆိုပြီး ထည့်သွင်းပြောဆိုသွားခဲ့တာ တွေ့ရပါတယ်။

မကွေးတိုင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးသွင်ကိုကို က လည်း တိုင်းအတွင်းရှိ PDF စိုးမိုးနယ်မြေတွေနဲ့ ကျေးရွာတွေကို နိုင်ငံရေး၊ စည်းရုံးရေး၊ လူမှုရေး၊ အုပ်ချုပ်ရေးနဲ့ ဒေသဖွံ့ဖြိုးရေး ဆိုတဲ့ စစ်ကြောင်း ကြီးငါးကြောင်းနဲ့ ကွင်းဆင်းစည်းရုံးကြရမယ်ဆိုပြီး ပြောဆိုသွားခဲ့ကြ ကြောင်း တင်ပြလိုက်ရပါတယ်ခင်ဗျား။       ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly