စက်သုံးဆီအရောင်းဆိုင် ပြန်ဖွင့်လာသည့် ပူတာအို

စက်သုံးဆီအရောင်းဆိုင် ပြန်ဖွင့်လာသည့် ပူတာအို

မတ် ၄

ဓာတ်ဆီစျေးနှုန်း အဆမတန်မြင့်တက်လာသည့် ပူတာအိုမြို့မှာ စက်သုံးဆီများကို ယနေ့ မတ်လ ၄ ရက်နေ့ နံနက်ပိုင်းကစတင်ကာ ပြန်လည်ရောင်းချပေးနေပြီဖြစ်ကြောင်း ဒေသခံများထံမှ ကနဦးသိရပါသည်။

လောင်စာဆီဆိုင်ကြီးများက နှစ်ပတ်ကျော်ကြာအောင် ပိတ်ထားရာမှ ပူတာအိုမြို့ရှိ "တိုင်းကျော်" ဆီဆိုင်တစ်ဆိုင်ကသာ ယနေ့နံနက်က ပြန်ရောင်းချပေးပြီဖြစ်ပြီး၊ ဒေသခံပြည်သူများကလည်း ဆိုင်ကယ်များ၊ ဆီထဲ့ပုံးများဖြင့် ကြိတ်ကြိတ်တိုး ၀ယ်ယူနေကြသည်။

ပူတာအိုခရိုင်မှာ လူသုံးများသည့် ဓာတ်ဆီက ၀.၇ လီတာတစ်ပုလင်းကို အမြင့်ဆုံး ၈,၀၀၀ ကျပ်အထိ စျေးပေါက်ခဲ့ပြီး၊ ရှားပါးပြတ်လပ်မှုနှင့်ပါ ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။

မတ်လ ၂ ရက်နေ့ကစပြီး မြစ်ကြီးနားမြို့မှ ပူတာအိုဒေသသို့ စက်သုံးဆီများကိုလည်း ပြန် လည်တင်ပို့နေပြီဖြစ်ကြောင်း မြစ်ကြီးနားမှ စက်သုံးဆီကုန်သည်များထံကနေ သိရသည်။

ဓာတ်ပုံ- RVA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly