တရုတ်သမ္မတရှီကျင့်ဖျင်က အခြေအနေသစ်၌ ပူးပေါင်းဆောင်ရွက်ရန် မြောက်ကိုရီးယားကို သတင်းစကားပါး

တရုတ်သမ္မတရှီကျင့်ဖျင်က အခြေအနေသစ်၌ ပူးပေါင်းဆောင်ရွက်ရန် မြောက်ကိုရီးယားကို သတင်းစကားပါး

တရုတ်သမ္မတ ရှီကျင့်ဖျင်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းအား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါမှုကို အလေးပေးပြောကြားခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာ KCNA က ဖေဖောဝါရီ ၂၆ ရက်တွင် ဖော်ပြခဲ့သည်။

ကင်ဂျုံအွန်းထံသို့ ပေးပို့သောစာတွင် ရှီက “အခြေအနေသစ်တစ်ရပ်အောက်တွင် တရုတ်- မြောက်ကိုရီးယား ၏ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆက်ဆံရေးကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် တရုတ်နိုင်ငံသည် မြောက်ကိုရီးယားနိုင်ငံနှင့်အတူ လက်တွဲလုပ်ဆောင်ရန် အဆင်သင့်ရှိသည်” ဟု ပြောကြားခဲ့သည်ဟု KCNA က ထုတ်ပြန်ခဲ့သည်။

KCNA က အခြေအနေသစ်ဆိုသည့် သဘောတရားကိုအသေးစိတ်ဖော်ပြခြင်းမရှိပေ။

ယခုသီတင်းပတ်အစောပိုင်းတွင် ကင်ဂျုံအွန်းသည် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်း စေရန်နှင့် အမေရိကန်နှင့် ၎င်း၏မဟာမိတ်များထံမှ ခြိမ်းခြောက်မှုများနှင့် ရန်လိုသော မူဝါဒများကို ပျက်ပြား အောင် အတူတကွ လုပ်ဆောင်မည်ဖြစ်ကြောင်း နှုတ်ဖြင့် ကတိပြုခဲ့သည်။

မြောက်ကိုရီးယားသည် ဖေဖော်ဝါရီ ၂၀ ရက်တွင် ပြီးဆုံးခဲ့သည့် ပေကျင်းဆောင်းရာသီအိုလံပစ် အားကစားပြိုင်ပွဲတွင် ပါဝင်ခဲ့ခြင်းမရှိပေ။ ဇန်နဝါရီလက အားကစားအာဏာပိုင်များထံမှ ပေးပို့သောစာတွင် မြောက်ကိုရီးယားသည် အားကစားပွဲမတက်ရောက်နိုင်သည့်အတွက် ရန်လိုသောအင်အားစုများနှင့် ကိုဗစ်-၁၉ အန္တရာယ်များကို အပြစ်တင်ပြောဆိုခဲ့သည်။

၁၉၆၁ ခုနှစ်တွင် နှစ်နိုင်ငံသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးပြီးနောက်ပိုင်း တရုတ်သည် မြောက်ကိုရီးယား၏ တစ်ခုတည်းသော အဓိကမဟာမိတ်နိုင်ငံဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required