တော်လှန်ရေးကဗျာဆရာ ကေဇဝင်း (ခ) ချမ်းသာဆွေ ကျဆုံးခြင်း (၁) နှစ်ပြည့် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး လက်ပံတောင်းတောင်ဒေသ လူထုသပိတ်တိုက်ပွဲ

တော်လှန်ရေးကဗျာဆရာ ကေဇဝင်း (ခ) ချမ်းသာဆွေ ကျဆုံးခြင်း (၁) နှစ်ပြည့် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး လက်ပံတောင်းတောင်ဒေသ လူထုသပိတ်တိုက်ပွဲ

မက်လ (၃) ရက်နေ့ ဘုရားနီလမ်း (အာဇာနည်လမ်း) သပိတ်စစ်ကြောင်းဖြိုခွဲခံရမှုမှာ ဦးခေါင်းကျည်ထိမှန်ပြီး နေရာမှာတင်ပွဲချင်းပြီး ကျဆုံးခဲ့ရသူ အနောက်မြောက်လွင်ပြင်ဒေသက အာဇာနည်သူရဲကောင်း ကဗျာဆရာ ကိုကေဇဝင်းပဲ ဖြစ်ပါတယ်။ မနှစ်က မက်စ်လ (၃) ရက်တစ်နေ့ထဲမှာပဲ အာဇာနည် (၉) ဦးကျဆုံးခဲ့ရပါတယ်။

 

ကဗျာဆရာ ကိုကေဇဝင်းဟာ စစ်အာဏာရှင်စနစ်ကိုတော်လှန်ရာမှာ  နှစ်ပေါင်းများစွာတိုင်အောင် တော်လှန်ခဲ့သူ တစ်ဦးဖြစ်ပြီး အနောက်မြောက်တိုင်းမြို့တော် မုံရွာကဗျာဆရာများသမဂ္ဂအဖွဲ့ဝင် အမှန်တရားအတွက်တိုက်ပွဲဝင်ရင်း ဦးခေါင်းကျည်ထိမှန်ပြီး ကျဆုံးခဲ့ရပါတယ်။

 

ယနေ့ချိန်ခါထိ ကျဆုံးသူတွေများအနက် ကဗျာဆရာများလည်း ပါဝင်ပါတယ်။

 

ဒီလို သေဆုံးနေတဲ့အထဲမှာ အမှန်တရားရရှိရန် အသက်ပေးတွန်းလှန်နေတဲ့ အသက်များဟာ ဖက်ဒရယ်တိုင်းပြည်အတွက် တကယ့်တန်ဖိုးရှိလှတဲ့ လူသားများပါ အသက်ပေးကာကွယ်မယ့် အသက်ပေးပြီး တိုင်းပြည်ကိုတည်ဆောက်မယ့် ကျနော်တို့ရင်ဘက်ထဲက တန်ဖိုးဖြတ်မရတဲ့ မြင့်မြတ်တဲ့သူရဲကောင်းတွေဖြစ်ကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required