‘’ ဓါးရဲ့တရားဆိုတာ ဝင့်ယုံနဲ့မရ ရှေ့တိုးပြီး ခုတ်မှရမယ်” ရွာပေါင်းစုံ သပိတ်စစ်ကြောင်း

‘’ ဓါးရဲ့တရားဆိုတာ ဝင့်ယုံနဲ့မရ ရှေ့တိုးပြီး ခုတ်မှရမယ်” ရွာပေါင်းစုံ သပိတ်စစ်ကြောင်း
Photo : CJ

မတ်လ ၃ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်း နှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်း ရှိ ရွာများ စုပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှု ၃၅၈ ရက်မြောက် အဖြစ် ယနေ့ မတ်လ ၁ ရက် တွင် ချီတက် ဆန္ဒပြကြသည်။

“ဓါးရဲ့ တရားဆိုတာ ဝင့်ရုံနဲ့မရ ရှေ့တိုးပြီး ခုတ်မှရမယ်” ဆိုသည့် ကဗျာဆရာ ကေဇဝင်း ရေးသားခဲ့သည့် စာသားအား ကိုင်စွဲပြီး ၎င်း ကျဆုံးခဲ့သည့် တနှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်သော ယနေ့တွင် ဝမ်းနည်းခြင်း အထိမ်းအမှတ်ဖြင့် ပန်းချ အလေးပြု၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်သံများ ဟစ်ကြွေး ခဲ့ကြသည်။

ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ် စစ်ကြောင်းသည် မတ်လ ၉ ရက်နေ့မှ စတင် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required