ပထမဆုံး ကျဆုံး သူရဲကောင်းအတွက်အထိမ်းအမှတ် ပြုလုပ်ခဲ့သည့် ကလေးမြို့ ပင်မသပိတ် စစ်ကြောင်း ၃၈၉ ရက်မြောက် ချီတက်ဆန္ဒပြ

ပထမဆုံး ကျဆုံး သူရဲကောင်းအတွက်အထိမ်းအမှတ် ပြုလုပ်ခဲ့သည့် ကလေးမြို့ ပင်မသပိတ် စစ်ကြောင်း ၃၈၉ ရက်မြောက် ချီတက်ဆန္ဒပြ

မတ်လ ၃ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့ ပင်မသပိတ် စစ်ကြောင်းသည် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ရက်ပေါင်း ၃၈၉ မြောက်အဖြစ်  ယနေ့ မတ်လ ၃ ရက်တွင် ချီတက် ဆန္ဒပြသည်။

 

၂၀၂၁ ခုနှစ် မတ်လ ၃ ရက် နေ့တွင် ကလေးမြို့ပင်မသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်း ခံရစဉ်က ကျဆုံးခဲ့သော အသက် ၁၈ နှစ်အရွယ် မောင်ဇင်မျိုးမောင် ကျဆုံးခြင်း တနှစ်ပြည့် ဝမ်းနည်းခြင်း အထိမ်းအမှတ်ပြုလုပ်ခဲ့ကာ စစ်အာဏာရှင် ဆန့်ကျင်ရေးကြွေးကြော်သံများဟစ်ကြွေးခဲ့ကြသည်။

 

ကလေးမြို့ပင်မ သပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့မှ စတင်၍ နေ့စဉ် မပျက်မကွက် ချီတက် ဆန္ဒပြနေခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly