အာဆီယံအထူးကိုယ်စားလှယ် ယခုလထဲ မြန်မာနိုင်ငံ လာမည်

အာဆီယံအထူးကိုယ်စားလှယ် ယခုလထဲ မြန်မာနိုင်ငံ လာမည်

မတ် ၃

အာဆီယံဥက္ကဋ္ဌ၏ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်သည့် ကမ္ဘောဒီးယား ဒုဝန်ကြီးချုပ် ဖြစ်သလို နိုင်ငံခြားရေးဝန်ကြီးလည်း ဖြစ်သည့် ပရက်ခ် ဆော့ခွန်းသည် မတ်လ ၂၀ ရက်မှ ၂၃ ရက်အထိ မြန်မာနိုင်ငံသို့ ၎င်း၏ ပထမဆုံး ခရီးစဉ် လာရောက်ရန် စီစဉ်ထားကြောင်း သိရသည်။

ထိုကြေညာချက်ကို ကမ္ဘောဒီးယား နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း Fresh News က ဖော်ပြသည်။

ပြီးခဲ့သည့် ဖေဖေါ်ဝါရီ ၁၇ ရက်က အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပရက်ခ် ဆော့ခွန်းက ပြောကြားခဲ့ရာတွင် ၎င်းသည် သက်ဆိုင်သော အဖွဲ့အုပ်စုများနှင့် တွေ့ဆုံရန်နှင့် လူသားချင်းစာနာမှု အကူအညီပေးအပ်မှုများကို တိုးမြှင့်လုပ်ဆောင်ရန်အတွက် မတ်လ ဒုတိယသီတင်းပတ်ထဲတွင် မြန်မာသို့ လာရောက်မည်ဟု ပြောခဲ့သည်။

၎င်း၏ လာမည့် ခရီးစဉ်၏ လုပ်ငန်းစဉ်သည် ယမန်နှစ် ဧပြီလက အာဆီယံခေါင်းဆောင်များ ထုတ်ပြန်ခဲ့သည့် ဘုံသဘောတူညီချက် ငါးချက်အတိုင်း လိုက်နာဆောင်ရွက်သွားရန် ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly