ဂျပန်သံတမန်ကို တရုတ်က ယာယီထိန်းသိမ်း

By India Blooms News Service
03 March 2022
ဂျပန်သံတမန်ကို တရုတ်က ယာယီထိန်းသိမ်း

တရုတ်အရာရှိများသည် မကြာသေးမီက ပေကျင်းမြို့တွင် တာဝန်ထမ်းဆောင်နေစဉ် ဂျပန်သံတမန်တစ်ဦးကို ခေတ္တထိန်းသိမ်းခဲ့သည်။

အရာရှိသည် မသင့်လျော်သော လုပ်ဆောင်မှုများတွင် ပါဝင်နေသောကြောင့် ထိန်းသိမ်းရခြင်းဖြစ်ကြောင်း တရုတ်အစိုးရက ပြောကြားခဲ့သည်။

ဂျပန် နိုင်ငံခြားရေးဝန်ကြီး ယိုရှီမာဆာ ဟာယာရှီက အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ “အစိုးရက သံတမန်လမ်းကြောင်းကနေတဆင့် တရုတ်ကို ကန့်ကွက်ခဲ့ပါတယ်။ ဒီကိစ္စကို ကျွန်တော်တို့ လျစ်လျူရှု

မထားနိုင်သလို ဘယ်တော့မှ လက်ခံမှာလည်း မဟုတ်ပါဘူး” ဟု ဖေဖော်ဝါရီလ ၂၂ရက်ညက သတင်းထောက်များအား ပြောကြားချက်ကို ကျိုဒိုသတင်းဌာနက ကိုးကားဖော်ပြခဲ့သည်။

ပေကျင်းမြို့ရှိ ဂျပန်သံရုံးမှ အမည်မဖော်လိုသူ သံတမန်အား မသင့်လျော်သည့်အပြုအမှုများပြုမှုသည့်အတွက် ဥပဒေနှင့်အညီ စစ်ဆေးမေးမြန်းခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၂၃ရက်တွင် ကန့်ကွက်ချက်ကို တုံ့ပြန်သည့်အနေဖြင့် ပြောကြားခဲ့သည်။

“တရုတ်က ဂျပန်ကို အလေးနက်ထားပြောကြားချင်တကာ တရုတ်မှာရှိတဲ့ သံတမန်အရာရှိတွေက စကားပြောဆိုရာ၊ လုပ်ကိုင်ရာမှာ ဆင်ဆင်ခြင်ခြင်ပြောဆို လုပ်ကိုင်ဖို့နဲ့ အလားတူ ဖြစ်ရပ်မျိုး ထပ်မံ မဖြစ်ပွား အောင် တားဆီးဖို့ တိုက်တွန်းလိုပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွားချန်ယင်းက ပေကျင်းမြို့တွင် သတင်းထောက်များအား ပြောကြားခဲ့ကြောင်း ကျိုဒိုသတင်းဌာနက ကိုးကားဖော်ပြခဲ့သည်။

ဂျပန်သံတမန်သည် သတင်းအချက်အလက်များကို တရားမဝင် စုဆောင်းနေကြောင်း တရုတ်အရာရှိတစ်ဦးက ကျိုဒိုသတင်းဌာနသို့ ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly