“တောင်ယာခုတ်ဓား ညီစေသား” ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ၃၅၇ရက်မြောက် ချီတက်ဆန္ဒပြ

“တောင်ယာခုတ်ဓား ညီစေသား” ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ၃၅၇ရက်မြောက် ချီတက်ဆန္ဒပြ

မတ် ၂

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်က ရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ယနေ့မတ်လ ၂ ရက်နေ့ နံနက်ပိုင်းတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြကြသည်။

ယနေ့ တောင်သူလယ်သမားနေ့တွင် " တောင်ယာခုတ်ဓား ညီစေသား" ဆိုသည့် စာတန်းကို ကိုင်ဆောင်ပြီး တောင်သူလယ်သမားများအား ဂုဏ်ပြုသောအားဖြင့် ချီတက်ဆန္ဒပြကြခြင်း ဖြစ်သည်။

ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်သည် အာဏာသိမ်းစစ်ကောင်စီ၏ ပစ်မှတ်ထား တိုက်ခိုက်မှုကို ရင်ဆိုင်နေရသော မြို့နယ်များ ဖြစ်သည်။

Photos- (ယင်းမာပင် ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်ဦးဆောင် ကော်မတီ)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required