ဖားကန့် ဒေသခံများ ယူကရိန်း နိုင်ငံသားများနှင့်အတူ ရပ်တည်ကြောင်းနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ

ဖားကန့် ဒေသခံများ ယူကရိန်း နိုင်ငံသားများနှင့်အတူ ရပ်တည်ကြောင်းနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ

မတ် ၁

ဖားကန့်မြို့နယ် ဒေသခံ ပြည်သူ ဦးရေ ၄၀၀ ဝန်းကျင်က စစ်အာဏာရှင် ဆန့်ကျင်ရေး ၊ KIA ၊ PDF ၊ NUG ထောက်ခံပွဲ နှင့် Ukarine နိုင်ငံသားများနှင့်အတူ ရပ်တည်ပြီး ရုရှား သမ္မတ ပူတင်ကို ဆန့်ကျင် ကြောင်း ချီတက် ဆန္ဒ ပြကြသည်။

ဆန္ဒပြ ပြည်သူများက “NO WAR NO PUTIN “၊ “ We stand with Ukarine “ ၊ “ God Bless Ukarine” ၊ “ Murder Putin Killer Putin “ ဆိုသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ရုရှား သမ္မ ပူတင်ကို ဆန့်ကျင်ကြောင်း နှင့် ‘’ KIA ၊ PDF တိုက်ပွဲတိုင်းမှာ နိုင်ပါစေ “ ၊ ‘’ NUG အစိုးရ ဒို့အစိုးရ” ၊ ‘’ ဖက်ဆစ်စစ်တပ် လုံးဝအုပ်ချုပ်ခွင့် မရစေရ” ၊ ‘’စစ်ဖိနပ်အောက် ဒူးမထောက်ဘူး” ဆိုသည့် ကြွေးကြော်သံများ ဟစ်ကြွေးကာ ချီတက်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly