ရုရှတပ်ဖွဲ့များ ထိုးစစ်အရှိန်လျှော့ချထားခဲ့ဟု ယူကရိန်း ပြော

ရုရှတပ်ဖွဲ့များ ထိုးစစ်အရှိန်လျှော့ချထားခဲ့ဟု ယူကရိန်း ပြော
Photo - AFP

ဖေဖေါ်ဝါရီ ၂၈

ရုရှက ယူကရိန်းကို ကျူးကျော်ဝင်ရောက်မှု ငါးရက်မြောက်နေ့ ရောက်ရှိခဲ့စဉ် ရုရှတပ်ဖွဲ့များသည် ၎င်းတို့၏ ထိုးစစ်ဆင်မှုအရှိန်ကို လျှော့ချထားခဲ့ကြောင်း ယူကရိန်းစစ်တပ်က ဖေဖေါ်ဝါရီ ၂၈ ရက်တွင် ပြောသည်။

“ရုရှ ကျူးကျော်ဝင်ရောက်သူတွေဟာ ထိုးစစ်အရှိန်လျှော့ချထားခဲ့ပါတယ်။ ဒါပေမယ့် သူတို့ဟာ ဧရိယာအချို့မှာတော့ အောင်ပွဲဖော်ဆောင်ဖို့ ကြိုးစားနေတုန်းပါ” ဟု ယူကရိန်းစစ်ဦးစီးအရာရှိတစ်ဦးက ပြောသည်။

ရုရှသည် ဖေဖေါ်ဝါရီ ၂၄ ရက်က ယူကရိန်းကို ကျူးကျော်ဝင်ရောက်ခဲ့ရာ ကမ္ဘာတစ်ဝန်းကို လှိုင်းဂယက်များ ထစေခဲ့သည်။

အနောက်အုပ်စု စစ်လက်နက်များ ပံ့ပိုးထားသည့် ယူကရိန်းတပ်ဖွဲ့များသည် ရုရှစစ်တပ်၏ ချီတက်ဝင်ရောက်မှုကို တားဆီးတွန်းလှန်ခုခံနေခဲ့သည်။

နိုင်ငံ အနောက်မြောက်ပိုင်းနှင့် မြောက်ပိုင်းရှိ မြို့ကြီးများဖြစ်သော ဇိုင်တိုမာနှင့် ချာနီဂိဗ် မြို့တို့ရှိ လူနေအဆောက်အအုံများကို ရုရှတို့ ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းစစ်တပ်က စွပ်စွဲသည်။

“တစ်ချိန်တည်းမှာပဲ စစ်ဘက် စစ်ဆင်ရေး ရည်မှန်းချက် အထမြောက်ဖို့ ရုရှ ကျူးကျော်သူတွေရဲ့ ကြိုးပမ်းမှုအားလုံး မအောင်မမြင်ဖြစ်ထားခဲ့ပါတယ်” ဟု ယူကရိန်းစစ်တပ်က ပြောသည်။

“ရန်သူဟာ စိတ်ဓာတ်ကျဆင်းပြီး ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ကြုံနေရတယ်” ဟု ယူကရိန်းစစ်တပ်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required