ထားဝယ်၌ ကျဆုံးခဲ့သည့် သူရဲကောင်း ၄ ဦးအတွက် နှစ်ပတ်လည် ဆုတောင်း

By ကိုရွှေမြိတ်
28 February 2022
ထားဝယ်၌ ကျဆုံးခဲ့သည့် သူရဲကောင်း ၄ ဦးအတွက် နှစ်ပတ်လည် ဆုတောင်း

ဖေဖော်ဝါရီ ၂၈

‌ထားဝယ်မြို့၌ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် စစ်ကောင်စီတပ်က ကျည် အစစ်ဖြင့် ပစ်ခတ်၍ စစ်အာဏာရှင် ဆန့်ကျင် ဆန္ဒပြ ပြည်သူ လေးဦး ကျဆုံးခဲ့ရာ ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် နှစ်ပတ်လည် အလေးပြုခြင်းနှင့် ဆုတောင်းခြင်း အခမ်းအနားကို လောင်းလုံးမြို့နယ်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အကြမ်းမဖက် ဆန္ဒပြ ပြည်သူများအား စစ်အာဏာရှင်က ပစ်ခတ်မှုကြောင့် သူရဲကောင်း လေးဦး၏ သွေးများ ထားဝယ်မြေပေါ်တွင် စွန်းထင်းခဲ့သည့် အမှတ်တရ ဂုဏ်ပြုသည့် အနေဖြင့် ပြုလုပ်ခဲ့သည်ဟု ဦးဆောင်သူများထံမှ သိရသည်။

အဆိုပါ အမှတ်တရ ဂုဏ်ပြု အစီအစဉ်ကို လောင်းလုံးမြို့နယ်လုံး ဆိုင်ရာ အခြေခံပညာ ကျောင်းသားများ သမဂ္ဂမှ ဦးဆောင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

#ထားဝယ်

#နွေဦးသူရဲကောင်း

#လောင်းလုံး

#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly