ရုရှားတပ်များ ခါကိဗ်မြို့တွင်းဝင်ရောက်၊ ရုရှား တင့်ကားယာဉ်တန်း ချေမှုန်းခံရကာ ထိပ်တန်း ဗိုလ်ချုပ်အသတ်ခံရ

ရုရှားတပ်များ ခါကိဗ်မြို့တွင်းဝင်ရောက်၊ ရုရှား တင့်ကားယာဉ်တန်း ချေမှုန်းခံရကာ ထိပ်တန်း ဗိုလ်ချုပ်အသတ်ခံရ

ရုရှားတပ်များသည် ယူကရိန်း၏မြို့တော် ယူကရိန်းကို သိမ်းပိုက်ရန် ကြိုးစားမှု မအောင်မြင်ခဲ့သော်လည်း ဒုတိယအကြီးဆုံးမြို့ ခါကိဗ်သို့ ဝင်ရောက်နိုင်ခဲ့သည်။

ဆိုရှယ်မီဒီယာတွင် တနင်္ဂနွေနေ့ နံနက်က ပျံ့နှံ့နေသော ဗီဒီယိုတစ်ခု၌ ရုရှား စစ်ထရပ်ကားများသည် ယူကရိန်းအရှေ့ဘက် ၊ ရုရှားနှင့်ထိစပ်နေသော နယ်ခြား အနီးရှိ လူဦးရေ ၁.၄၁ သန်း နေထိုင်ရာ မြို့တွင်းသို့ သတိကြီးစွာဖြင့်ဝင်ရောက်နေသည်ကို တွေ့ရသည်။

ခါကိဗ်မြို့တွင်းသို့ ဝင်လာသော ရုရှားစစ်သားများကို ယူကရိန်းပြည်သားများက သေနတ်များဖြင့် ပြန်လှန်ပစ်ခတ်ခြင်း မပြုမီ ခြေတစ်လှမ်း ခြင်း ဖြေးညှင်းစွာ ဝင်ရောက်သွားကြသော ရုရှားစစ်သားများကို ဗီဒီယိုတွင် မြင်ကြရသည်။

နောက်ထပ် ဗီဒီယိုတစ်ခုတွင် ရုရှားကြည်းတပ်ပိုင် စစ်ကားတစ်စီး မီးလောင်နေသည်ကို တွေ့ရသည်။ ယူကရိန်းဒေသခံများ အပြောအရ မြို့ကိုကာကွယ်နေသော မြို့သူ၊ မြို့သားများက မီးရှို့ခဲ့ခြင်းကြောင့် ထိုစစ်ကား မီးလောင်သွားရသည် ဟု ပြောသည်။

ခါကိဗစ်တွင် ယူကရိန်း ခံစစ် ကျိုးဖောက်မှု မဖြစ်ခင် နာရီအနည်းငယ်အလိုက ရုရှားဘက်တွင်လည်း ဆုံးရှုံးမှုကြီးမားခဲ့သည်။ ယူကရိန်းသမ္မတ ဗလာဒီမာ ဇယ်လန်စကီးကို လုပ်ကြံသတ်ဖြတ်ရန် ပူတင်ကစေလွှတ်လိုက်သော ရုရှားစစ်တပ်၏ စစ်ကြောင်းတစ်ခုဖြစ်သော ချေချင်းအထူးတပ်ဖွဲ့ကို ၎င်းတို့၏ မစ်ရှင် ဒုတိယမြောက်နေ့မှာပင် ယူကရိန်း ဒေသခံများက ချေမှုန်းပစ်လိုက်သည်။

သတ်ရဲ၊ ဖြတ်ရဲပြီး ရက်စက်၊ ကြမ်းတမ်းကာ လူ့အခွင့်အရေး ချိုးဖောက်မှုများ လုပ်လေ့ရှိသည်ဟု နာမည်ဆိုးဖြင့် ကျော်ကြားသော ရုရှားအထူးတပ်ဖွဲ့၏ တင့်ကား ၅၆ စီးပါ ယာဉ်တန်းသည် ကီယက်ဗ်မြို့၏ အရှေ့မြောက်ဘက် ဟော်စတိုမယ်လ်နားတွင်ပင် ယူကရိန်းမစ်ဇိုင်းများဖြင့် ချေမှုန်းခံလိုက်ရသည်။ သေဆုံးမှုနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း ရာနှင့်ချီ သေနိုင်သည်။

သုတ်သင်ခံလိုက်ရသည့် ရုရှား၏ ချေချင်းအထူးတပ်ဖွဲ့ထဲတွင် ဗိုလ်ချုပ် မိုဂိုမက် တူရှက်ဗ်လည်းပါသည်ဟု သိရသည်။ သူသည် မြို့စောင့်တပ် (၁၄၁) ၏ တပ်မှူးဟု ဆိုသည်။

အထူးတပ်ဖွဲ့၏ ချေမှုန်းခံလိုက်ရခြင်းသည် ပူတင်အတွက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ဖြစ်လာစေသည်။ ရုရှားခေါင်းဆောင်သည် ယူကရိန်းသမ္မတ ဇယ်လန်စကီးကို ဖမ်းရန် သို့မဟုတ် သတ်ရန်အတွက် အထူးတပ်ဖွဲ့ကို စေလွှတ်ခဲ့ခြင်းဖြစ်သည်။

အထူးတပ်ဖွဲ့ဝင်တိုင်းကို ပစ်မှတ်ထားသော ယူကရိန်းအစိုးရအဖွဲ့ဝင်များ၏ဓာတ်ပုံများပေးထားခဲ့သည်။

သမ္မတဇယ်လန်စကီးကတော့ လက်မြှောက်အရှုံးပေးခြင်းဘဲ လုပ်ကြံသတ်ဖြတ်ခံရနိုင်သည့် ရှေ့တန်းနယ်မြေများမှ ဗီဒီယိုသတင်းစကားထုတ်ပြန်မှုများကြောင့် ကမ္ဘာ့အနှံ့သူရဲကောင်းဟုချီးကျူးပြောခံနေရသည်။

ယူကရိန်းကိုမသိမ်းနိုင်သေးသည့်အတွက် ပူတင်သည် ဒေါသပိုပိုထွက်ထွက်လာနေပြီး လူထုရှေ့မှောက်မိန့်ခွန်းပြောကြားမှုမရှိသည်မှာ ရက်နှင့်ချီနေပြီဖြစ်သည်။

၎င်းတပ်၏ စစ်အင်အားနှင့် စစ်သည်အရေအတွက်မှာ ယူကရိန်းနှင့်ယှဉ်လျှင် အဆများစွာကြီးထွားသောကြောင့် ရုရှားသည် သူ၏အိမ်နီးချင်းကို အလွယ်တကူသိမ်းနိုင်လိမ့်မည်ဟု အများအားဖြင့်ယုံကြည်ကြသည်။

ကရင်မလင် အနေဖြင့် ကိယက်ဗ်ကိုသိမ်းပြီး ၎င်းတို့အလိုကျအစိုးရကိုတင်မြှောက်ရန် ရည်မှန်းချက်ထား တိုက်ခိုက်နေမှုရှိနေသော်လည်း အံ့ဩဖွယ်ကောင်းလောက်အောင်ပင် နိုင်ငံငယ်လေး၏ ခုခံစစ်က ထိရောက်လှရာ ရုရှားတပ်၏ဂုဏ်သတင်းကို ညှိးနွမ်းစေခဲ့သည်။

တနင်္ဂနွေနေ့ နံနက်တွင် ကီယက်ဗ်မြို့အစွန်ရှိ နယူးကလီးယား စွန့်ပစ်ပစ္စည်းများ ထားရာနေရာကို ရုရှားဒုံးကျည်များထိမှန်ပြီး ရေဒီယိုသတ္တုကြွနိုင်သော အသုံးအဆောင်များ ပျက်စီးမှုဖြစ်ခဲ့သေးသည်။

ယူကရိန်းသတင်းဝက်ဆိုက်တစ်ခုဖြစ်သော BNO Sunday က ပြောကြားရာတွင် " ကီယက်ဗ်ကို ဗုံးအမြောက်အမြား ကြဲချမှုနဲ့ ရုရှားဖက်ဒရေးရှင်းရဲ့ ရှိရှိသမျှ လေယာဉ်ပစ်တွေ၊ ဒုံးလက်နက်တွေအကုန်လုံးကြောင့်၊ နိုင်ငံရဲ့အထူးဌာနရိုဒွန်ရဲ့ ကီယက်ဗ်ဌာနခွဲက ရေဒီယိုသတ္တိကြွစွန့်ပစ်ပစ္စည်းထားတဲ့နေရာကို ဒုံးကျည်တွေထိမှန်ခဲ့တယ်" ဟု ပါရှိသည်။

BNO အဆိုအရ ရေဒီယိုသတ္တိကြွမှုဖြစ်ပေါ်ခဲ့သော သက်သေအထောက်အထားမတွေ့ရဟု ပြောသည်။ သို့သော် ရေဒီယိုသတ္တိကြွမှုကိုအလိုအလျောက် စောင့်ကြည့်စနစ် ပျက်သွားခဲ့သည်ဟုဆိုရာ အန္တရာယ်ရှိသော နယူကလီးယားပစ္စည်းများပျံံ့နှံ့မှုဖြစ်သည်ဟု အဓိပ္ပါယ်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly