တနင်္သာရီမြို့နယ် ကျွဲထိန်းကုန်းရွာအနီး စစ်ကောင်စီတပ်နှင့် PDF တိုက်ပွဲဖြစ်

By ကိုရွှေမြိတ်
27 February 2022
တနင်္သာရီမြို့နယ် ကျွဲထိန်းကုန်းရွာအနီး စစ်ကောင်စီတပ်နှင့် PDF တိုက်ပွဲဖြစ်

ဖေဖော်ဝါရီ ၂၇

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သကျက်ကျေးရွာအုပ်စု ကျွဲထိန်းကုန်းရွာအနီး စစ်ကောင်စီတပ်နှင့် PDF တို့တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း နဂါးစစ်သည် PDF အဖွဲ့ထံမှ သိရသည်။

ကျွဲထိန်းကုန်းကျေးရွာ အနီး ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးဖြင့် ရမ်းသန်း ပစ်ခတ်မှု ပြုလုပ်ခဲ့ပြီးနောက် အပြန်အလှန် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

"လက်ရှိတော့ ရွာလေးရွာက ဒေသခံတွေ နီးစပ်ရာ ရွာတွေကို ထွက်ပြေးနေရတယ်၊ ရွာမှာ ကျန်ခဲ့တဲ့ သက်ကြီးရွယ်အိုနဲ့ နာမကျန်း သူတွေကိုတော့ စစ်ကောင်စီက ဖမ်းဆီးပြီး ရွာဘုန်းကြီးကျောင်းမှာ ထားပြီး စခန်းချ တပ်စွဲထားတယ်" ဟု နဂါးစစ်သည် PDF အဖွဲ့ တာဝန်ရှိသူက ပြောသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွား ပြီးနောက် စစ်ကောင်စီတပ် အင်အား တိုးချဲ့ကာ ရွာအများစုတွင် စခန်းချထားကြောင်း ဒေသခံများထံမှ သိရသည်။

#MizzimaTV

#စစ်ကောင်စီတပ်

#PDF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly