လောင်းလုံးမြို့တွင် စစ်ကောင်စီ စစ်ဆေးရေးဂိတ် မီးရှို့ဖျက်ဆီးခံရ

By ကို‌ရွှေမြိတ်
27 February 2022
လောင်းလုံးမြို့တွင် စစ်ကောင်စီ စစ်ဆေးရေးဂိတ် မီးရှို့ဖျက်ဆီးခံရ

ဖေဖော်ဝါရီ ၂၇

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ရှိ စစ်ကောင်စီတပ် စစ်ဆေးရေး ဂိတ်တစ်ခု ယမန်နေ့ ဖေဖော်ဝါရီလ ၂၆ ရက် ညပိုင်းက မီးရှို့ဖျက်ဆီး ခံရကြောင်း ဒေသခံထံက သိရသည်။

"စစ်ကောင်စီ စစ်ဆေးရေး ဂိတ်ကို မီးရှို့ ဖျက်ဆီးခံရတာတော့ မှန်တယ်။ ဒါပေမဲ့ ဘယ်အဖွဲ့က လုပ်တယ် ဆိုတာတော့ မသိရသေးပါဘူး"ဟု လောင်းလုံးမြို့နယ် ဒေသခံ တစ်ဦး ပြောသည်။

အဆိုပါ စစ်ဆေးရေးဂိတ် သည် လောင်းလုံးမြို့နယ် Welcome To Launglone ကြိုဆို ဆိုင်းဘုတ် အနီး တည်ရှိပြီး ဂိတ်မီးရှို့ခံရသည့် အချိန်တွင် စစ်ကောင်စီအဖွဲ့များ မရှိကြောင်း ဒေသခံများက ပြောသည်။ မည်သည့် အဖွဲ့က တိုက်ခိုက် မီးရှို့ ဖျက်ဆီး ခဲ့သည်ကိုမူ လက်ရှိ မသိရသေးပေ။

#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required