ပါကစ္စတန်ဝန်ကြီးချုပ်၏ ဇနီးကို ပုတ်ခတ်ပြောဆိုခြင်းအတွက် အမျိုးသားတစ်ဦး ဖမ်းဆီးခံရ

ပါကစ္စတန်ဝန်ကြီးချုပ်၏ ဇနီးကို ပုတ်ခတ်ပြောဆိုခြင်းအတွက် အမျိုးသားတစ်ဦး ဖမ်းဆီးခံရ

ပါကစ္စတန်ဝန်ကြီးချုပ် အီမရန် ခန်း၏ ဇနီး ဘုရှ်ရာ ဘီဘီကို လူမှုမီဒီယာပေါ်မှတဆင့် ပုတ်ခတ်ပြောဆိုမှုနှင့် ဆက်နွှယ်ပြီး လာဟိုးမြို့၌ အမျိုးသားတစ်ဦးကို ဖက်ဒရယ် စုံစမ်းစစ်ဆေးရေးအေဂျင်စီ (FIA) ၏ ဆိုက်ဘာမှုခင်းဌာနက ဖေဖေါ်ဝါရီ ၁၄ ရက်တွင် ဖမ်းဆီးထိန်းသိမ်းလိုက်သည်။

‘ဝါဒဖြန့် ကမ်ပိန်း’ တစ်ခု လုပ်ဆောင်ခဲ့မှုအတွက် ဆာဘီအာ မာမွတ်ဒ် အမည်ရ အဆိုပါ အမျိုးသားကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း FIA အရာရှိတစ်ဦးက ပြောသည်။

“ဒီကိစ္စနှင့် ပတ်သက်လို့ နောက်ထပ် ဖမ်းဆီးမှုတွေလည်း ထပ်ရှိလာနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

အစောပိုင်းကလည်း ပါကစ္စတန် ပြန်ကြားရေးနှင့် အသံလွှင့်မှုဆိုင်ရာ အငယ်တန်းဝန်ကြီးဖြစ်သည့် ဖာရွတ်ခ် ဟာဘစ်ဘ်က ဝန်ကြီးချုပ် ခန်း၏ ဇနီးနှင့်ပတ်သက်ပြီး “သတင်းတု” များ ထုတ်ဖော်နေမှုအတွက် လူတစ်ချို့ကို ပြစ်တင်ဝေဖန်သွားခဲ့ပြီး နိုင်ငံရေးနှင့်ကင်းရှင်းသည့် အမျိုးသမီးတစ်ဦးကို နိုင်ငံရေးထဲ ဆွဲသွင်းသည့် အပေါစား လုပ်ရပ်များကနေ ရှောင်ကြရန် တောင်းဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly