ရွှေဘိုမြို့နယ် နှမစားရစ်ရွာကို စစ်ကောင်စီတပ် မီးတင်ရှို့

ရွှေဘိုမြို့နယ် နှမစားရစ်ရွာကို စစ်ကောင်စီတပ် မီးတင်ရှို့

ဖေဖော်ဝါရီ ၂၅

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ အနောက်မြောက်ဘက် ၁၅ မိုင်ခန့် အကွာရှိ နှမစားရစ်ရွာကို စစ်ကောင်စီတပ်က ယနေ့ ဖေဖော်ဝါရီလ ၂၅ ရက် နံနက် ၆ နာရီ ဝန်းကျင်ခန့်တွင် လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်၍ ရွာကို မီးတင်ရှို့နေကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

”ဒီနေ့ နံနက် အစောကြီးကတည်းက. စစ်ကောင်စီ တပ်တွေ လာမယ်ဆိုတာ သိလို့ ရှောင်နေရတာဗျ၊ နံနက် ၆ နာရီလောက် ရောက်တော့ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အဆက်မပြတ် ပစ်တော့တာဗျ၊ တစ်အိုင်းအိုင်း နဲ့ ကြားနေရတာ၊ ၆ နာရီ ၁၀ မိနစ်လောက် ရောက်တော့ ရွာဘက်က အကုန် မီးခိုးတွေ အူတက်လာတာစပြီး မြင်ရတာဗျ၊ အခုလက်ရှိ ကြားသိရ သလောက်ကတော့ ရွာလုံးကျွတ် နီးပါး အကုန်ပြာကျ သွားတယ်လို့ ကြားနေရတာဗျ၊ ကျွန်တော်တို့လည်း လက်ရှိ စစ်ဘေးရှောင် နေရတာဗျ” ဟု ဒေသခံ ပြည်သူက ဆိုသည်။

လက်ရှိ စစ်ဘေးရှောင် နေရသည့် ရွာသားများ အတွက် စားဝတ်နေရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ လိုအပ်နေကြောင်း ဒေသခံက ဆက်ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly