အာဖဂန်နစ္စတန်သို့ ဆေးဝါးနှင့် ဆောင်းရာသီ အဝတ်အထည် ၂ ဒသမ ၅ တန်ကို အိန္ဒိယ ပေးပို့

By al arabiya Post
24 February 2022
အာဖဂန်နစ္စတန်သို့ ဆေးဝါးနှင့် ဆောင်းရာသီ အဝတ်အထည် ၂ ဒသမ ၅ တန်ကို အိန္ဒိယ ပေးပို့

တာလီဘန်တို့က ဝင်ရောက်သိမ်းပိုက်ပြီးနောက် စီးပွားရေးနှင့် နေထိုင်စားသောက်ရေးအကျပ်အတည်း ကြုံတွေ့နေရသည့် အာဖဂန်နစ္စတန်သို့ အိန္ဒိယက ၅ ကြိမ်မြောက် အကူအညီအဖြစ် ဆေးဝါးနှင့် ဆောင်းရာသီ အဝတ်အထည် ၂ ဒသမ၅ တန်ကို ပေးပို့ လိုက်သည်။

အဆိုပါ တင်ပို့မှုနှင့် ပတ်သက်၍ ပြည်ပရေးရာဝန်ကြီးဌာန (MEA) အာရင်ဒမ်ဘက်ချီက ဖေဖော်ဝါရီ ၁၉ ရက်က တွစ်တာ၌ “ အာဖဂန်ပြည်သူတွေနဲ့ အထူးမိတ်ဖက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားပြီး ဆေးဝါးနဲ့ ဆောင်းရာသီအဝတ်အထည် အကူအညီ ၂ ဒသမ ၅ တန်ကို ယနေ့ တင်ပို့လိုက်သည်” ဟု ရေးသားထားသည်။

ဝန်ကြီးချုပ် နာရင်ဒရာမိုဒီက ဖေဖော်ဝါရီ ၁၉ ရက်တွင် နယူးဒေလီမြို့ရှိ လော့ကလယန်မာ့ဂ်လမ်း၌ အာဖဂန်နစ္စတန် ဆစ်ခ်-ဟိန္ဒူအသိုင်းအဝိုင်းနှင့် တွေ့ဆုံရာတွင် စိန်ခေါ်မှုများနှင့် အခက်အခဲများကို ဖြေရှင်းနိုင်ရန် နောင်တွင်လည်း ကူညီမှုများကို ဆက်လက်ပေးသွားမည်ဟု ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်က ကိုယ်စားလှယ်အဖွဲ့အား ကြိုဆိုရာတွင် ၎င်းတို့သည် ဧည့်သည်များမဟုတ်ဘဲ အိမ်သားများဖြစ်သောကြောင့် အိန္ဒိယသည် ၎င်းတို့၏ အိမ်ပင် ဖြစ်ကြောင်းလည်း ပြောကြားသည်။ အာဖဂန်နစ္စန်၌ ၎င်းတို့ကြုံတွေ့ခဲ့ရသည့် အခက်အခဲများနှင့် ၎င်းတို့အား အိနိ္ဒိယသို့ ဘေးကင်းလုံခြုံစွာ ကိုလည်း ဝန်ကြီးချုပ်က ပြောကြားသည်။

အာဖဂန်သို့ ပြီးခဲ့သည့် လအတွင်းက ဆေးဝါးအကူအညီ ၃ တန်ကို ၄ ကြိမ်မြောက် ပံ့ပိုးမှုအဖြစ် တင်ပို့ခဲ့ကြောင်းနှင့် ဆေးနှင့် စားနပ်ရိက္ခာများကို လာမည့် သီတင်းပတ်များအတွင်း ပေးပို့သွားမည်ဟု ဇန်နဝါရီ ၂၉ ရက်တွင် အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required