DKBA ဗိုလ်စောစလုံးစခန်းရှိ ရုပ်ပွားတော် ၁ ဆူနှင့် ကျောက်စိမ်း ဆင်းတုတော် ၃ ဆူကို စစ်ကောင်စီတပ် ခိုးယူသွား

DKBA ဗိုလ်စောစလုံးစခန်းရှိ ရုပ်ပွားတော် ၁ ဆူနှင့် ကျောက်စိမ်း ဆင်းတုတော် ၃ ဆူကို စစ်ကောင်စီတပ် ခိုးယူသွား

ဖေဖော်ဝါရီ ၂၃

မြဝတီခရိုင်၊ လေးကေ့ကော်ဒေသ ဖလူးလေးကျေးရွာရှိ DKBA ဗိုလ်စောစလုံး စခန်းကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၁၄ ရက်တွင် စစ်လေယာဉ်များဖြင့် ပစ်ခတ် သိမ်းယူစဉ်က စခန်းအတွင်းရှိ တည်ထား ကိုးကွယ်သည့် ဗုဒ္ဓ ရုပ်ပွားတော် တစ်ဆူနှင့် ကျောက်စိမ်းရုပ်ပွားတော် သုံးဆူကိုပါ ခိုးယူသွားခဲ့သည်။

“စေတီက သူတို့ဖျက်ဆီးလိုက်တာလား။ ပင့်သွားတာလာတော့ မသိဘူး။ စေတီတော့ မရှိတော့ဘူး။ မန်ကျည်းပင် ပတ်ချာလည်မှာ ရှိတဲ့ ကျောက်စိမ်း ဆင်းတုတော် သုံးဆူလည်း မရှိတော့ဘူး။ ပုရဝဏ်ကတော့ ရှိတော့ ရှိသေးတာပေါ့ ”ဟု PDF ရဲဘော်တစ်ဦးက ပြောသည်။

ဘာသာရေး အထွဋ်အမြတ် ဖြစ်သည့် ဆင်တုတော်များကို စစ်ကောင်စီက ခိုးယူသွားခဲ့ခြင်း အပေါ် ဖလူးကျေးရွာ ဒေသခံများက များစွာ စိတ်မကောင်း ဖြစ်ကြသည်ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်များ ကျေးရွာအတွင်း ထိုးစစ် ဆင်ခဲ့ခြင်းကြောင့် ကျေးရွာသားများ ထွက်ပြေး နေရပြီး လူသူ မရှိသည့် ကျေးရွာ အတွင်းရှိ နေအိမ်မှ တန်ဖိုးရှိ ပစ္စည်းများကို ယူဆောင်သွားခြင်း၊ ဖျက်ဆီး ခဲ့ခြင်းများ ပြုလုပ်လျက် ရှိသည်။

#DKBA

#ဗိုလ်စောစလုံးစခန်း

#ကျောက်စိမ်းဆင်းတုတော်

#စစ်ကောင်စီတပ်

#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly