စစ်ကောင်စီ စစ်ဆေးရေးဂိတ် “ပြန်လည်စုရုံး နှစ်ခြောက်လုံး ကျေးလက်ပုန်ကန် မြို့ပြဖီဆန်" စာသား ချိတ်ဆွဲခံရ

By ကိုရွှေမြိတ်
23 February 2022
စစ်ကောင်စီ စစ်ဆေးရေးဂိတ် “ပြန်လည်စုရုံး နှစ်ခြောက်လုံး ကျေးလက်ပုန်ကန် မြို့ပြဖီဆန်" စာသား ချိတ်ဆွဲခံရ

ဖေဖော်ဝါရီ ၂၃

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တွင် ယနေ့ ဖေဖော်ဝါရီ ၂၃ ရက် နံနက်ပိုင်းက “ပြန်လည်စုရုံး နှစ်ခြောက်လုံး ကျေးလက် ပုန်ကန် မြို့ပြ ဖီဆန်” စစ်အာဏာရှင် ဖီဆန်ရေး စာသား ချိတ်ဆွဲကာ စာရွက်ကြဲခြင်းများ ပြုလုပ်ခဲ့ကြောင်း ဦးဆောင်သူများထံမှ သိရသည်။

လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီတပ် လုံခြုံရေး တင်းကျပ်စွာ စစ်ဆေးမှုများကြားက လောင်းလုံး မြို့နယ်လုံးဆိုင်ရာ အခြေခံပညာ ကျောင်းသားများ သမဂ္ဂမှ အဆိုပါ စာသားများ ချိတ်ဆွဲခြင်းနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုံ့ဆော် စာရွက် ကြဲခြင်းများ ပြုလုပ်ကာ သပိတ်မှောက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

#စစ်ကောင်စီစစ်ဆေးရေးဂိတ်

#နှစ်ခြောက်လုံး

#လောင်းလုံး

#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly