တောင်ဥက္ကလာ (၄၃၅/၄၃၆) တပ်ရင်း ဗုံးပစ် တိုက်ခိုက်ခံရပြီးနောက် ကင်းတဲ ပစ်ခတ်ခံရ

တောင်ဥက္ကလာ (၄၃၅/၄၃၆) တပ်ရင်း ဗုံးပစ် တိုက်ခိုက်ခံရပြီးနောက် ကင်းတဲ ပစ်ခတ်ခံရ

ဖေဖော်ဝါရီလ ၂၂ ရက်

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာမြို့နယ် သံသုမာလမ်းမဘေးရှိ (၄၃၅/၄၃၆) တပ်ရင်း၌ ယနေ့ ဖေဖော်ဝါရီ ၂၂ ရက်၊ နံနက် ၅ နာရီ ၃၀ မိနစ် ဝန်းကျင်ခန့်က ပေါက်ကွဲမှု ဖြစ်ပွားပြီး ပစ်ခတ်သံများ ကြားခဲ့ရကြောင်း သတင်းရင်းမြစ်က ဆိုသည်။ 

“မနက်က အာရုဏ်တက်ချိန် လောက်ပဲရှိဦးမယ်၊ ပေါက်ကွဲသံ ကြားလိုက်တယ်။ နောက်ပြီးတော့ ပစ်သံတွေပါ ကြားရတော့တာ။ ဒီဘက်မှာက လူနေအိမ်က သိပ်မရှိဘူး။ ဂတ်စ်ဆိုင်က ပေါက်တာ မဟုတ်ရင် အနီးဆုံး တပ်ရင်းထဲက ပေါက်တာပဲ ဖြစ်မှာလို့တော့ ထင်ခဲ့ပါတယ်” ဟု အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ၎င်းက ပြောသည်။ 

ယနေ့နံနက် ၅ နာရီ ၃၆ မိနစ်က တောင်ဥက္ကလာပမြို့နယ်ရှိ ရပ်ကွက်အချို့က ကြားရသော ပေါက်ကွဲသံမှာ “ပြန်လည်စုရုံး နှစ်ခြောက်လုံး သပိတ် အထိမ်းအမှတ်” အဖြစ် ဖက်ဒရယ် လွတ်မြောက်ရေး တပ်တော်၊ လှိုင်သာယာတပ်ခွဲမှ (၄၃၅/၄၃၆) တပ်ရင်းအား လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ထပ်မံ၍ နံနက် ၅ နာရီ ၅၈ မိနစ်တွင် အဆိုပါတပ်ရင်း လုံခြုံရေး ယူထားသော ကင်းတဲအား ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း Federal Liberation Army က ထုတ်ပြန်ထားသည်။ 

ဖောက်ခွဲမှုနှင့် ပစ်ခတ် တိုက်ခိုက်မှုများကြောင့် ထိခိုက်မှုကိုမူ လက်ရှိ အချိန်အထိ မသိရှိရသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required