ပါကစ္စတန်ဝန်ကြီးချုပ် ရုရှားခရီးစဉ် သွားရောက်မည်

ပါကစ္စတန်ဝန်ကြီးချုပ် ရုရှားခရီးစဉ် သွားရောက်မည်

ပါကစ္စတန်ဝန်ကြီးချုပ် အီမရန် ခန်းသည် ဖေဖေါ်ဝါရီ ၂၃ ရက်နှင့် ၂၄ ရက်တွင် ရုရှားနိုင်ငံသို့ ခရီးစဉ် လာရောက်မည် ဖြစ်ကြောင်း ရုရှားအစိုးရ သတင်းထုတ်ပြန်ရေးအကြီးအကဲ ဒီမစ်ထရီ ပက်စ်ကော့ဗ်က ဖေဖေါ်ဝါရီ ၂၀ ရက်တွင် ထုတ်ပြန်ပြောကြားသည်။

ယခုခရီးစဉ်သည် နှစ်ပေါင်း ၂၃ နှစ်တာအတွင်း ပါကစ္စတန်ဝန်ကြီးချုပ်တစ်ဦး၏ ရုရှားသို့ ပထမဆုံး ခရီးစဉ်လည်း ဖြစ်လာမည် ဖြစ်သည်။

အီမရန် ခန်းသည် ၎င်း၏ ခရီးစဉ်အတွင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံမည်ဖြစ်သည်။

အီမရန် ခန်း ရုရှားသို့ နှစ်ရက်တာခရီးစဉ်လာရောက်ပြီး သမ္မတပူတင်နှင့် တွေ့ဆုံမည်ဟု သတင်းထုတ်ပြန်ရေးအကြီးအကဲ ပက်စ်ကော့ဗ်က သတင်းထောက်များအား အတည်ပြုခဲ့ကြောင်း Sputnik သတင်းဌာနက ဖော်ပြသည်။

ယင်းသည် ၁၉၉၉ ခုနှစ်နောက်ပိုင်း ပါကစ္စတန်ဝန်ကြီးချုပ်တစ်ဦး ရုရှားသို့ သွားရောက်မည့် ပထမဆုံးခရီးစဉ်လည်းဖြစ်သည်။

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း နာဝက်ဇ် ရှာရစ်ဖ်သည် ၁၉၉၉ ခုနှစ် မတ်လက ရုရှားသို့ သွားရောက်ခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ ဖိတ်ကြားချက်အရ ဝန်ကြီးချုပ် ခန်းသည် မော်စကိုသို့ မကြာမီ သွားရောက်လိမ့်မည်ဖြစ်ကြောင်း ပါကစ္စတန် နိုင်ငံခြားရေးရုံးမှ ပြောရေးဆိုခွင့်ရှိသူ အေဆင် အစ်ဖ်တီခါက အပတ်စဉ်ပြုလုပ်နေကျ သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly