Mytel တာဝါတိုင်မှ မီးစက်၊ ဆိုလာ၊ ဘက်ထရီအိုးများ လက်နက်ထုတ်လုပ်ရေး အသုံးပြုမည်ဟု Kalay PDF ဆို

Mytel တာဝါတိုင်မှ မီးစက်၊ ဆိုလာ၊ ဘက်ထရီအိုးများ လက်နက်ထုတ်လုပ်ရေး အသုံးပြုမည်ဟု Kalay PDF ဆို

ဖေဖော်ဝါရီလ ၂၁ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ ကျေးရွာအတွင်းက စစ်အုပ်စုပိုင် Mytel တာဝါတိုင်မှ မီးစက်၊ ဆိုလာ နှင့် ဘက်ထရီအိုးများ ဖြုတ်ယူပြီး စခန်းသို့ သယ်ဆောင်သွားကာ လက်နက်ထုတ်လုပ်ရေး ကုန်ကြမ်းအဖြစ် အသုံးပြုမည်ဟု ကလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။

"ကျွန်တော်တို့ Mytel နဲ့ ဆက်စပ်တဲ့ မီးစက်တွေ၊ ဆိုလာတွေ ဘက်ထရီတွေကို Faw ကားနဲ့ စခန်းကို သယ်သွားတာ။ အဲ့ပစ္စည်းတွေ အားလုံးကို မဖျက်ဆီးဘဲ လက်နက်ထုတ်လုပ်ရေးမှာ ကုန်ကြမ်းအတွက်၊ စခန်းမှာ ကုန်ကြမ်းအတွက် သုံးဖို့အတွက် ယူလာတာပါ'' ဟု Kalay PDF ရဲဘော်က မဇ္ဈိမကို ပြောသည်။

အဆိုပါ စစ်အုပ်စုပိုင် Mytel တာဝါတိုင် ပစ္စည်းများ ဖျက်ဆီး သိမ်းယူမှုကို ဖေဖော်ဝါရီလ ၁၇ ရက်၊ ည ၇ နာရီခန့်တွင် Kalay PDF တပ်ရင်း နှစ်ခု ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ပုံ-Mytel တာဝါတိုင် ပစ္စည်းများ ဖျက်ဆီး သိမ်းယူစဉ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly