မိုးဗြဲမြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီတပ်က လူနေအိမ်များကို မီးရှို့ဖျက်ဆီး

21 February 2022
မိုးဗြဲမြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီတပ်က လူနေအိမ်များကို မီးရှို့ဖျက်ဆီး
ဓာတ်ပုံ- လွိုင်ကော် PDF

ဖေဖော်ဝါရီ ၂၁

ရှမ်းပြည်နယ်နှင့် ကရင်နီပြည်နယ်အကြား မိုးဗြဲဒေသ တိုက်ပွဲတွင် စစ်ကောင်စီတပ်က ဝါရီးဆူးပလိုင်ကျေးရွာနှင့် ဝီတဲကူးကျေးရွာရှိ ပြည်သူနေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက်တွင် လွိုင်ကော် PDF က သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၁၆ ရက်မှ ၂၀ ရက်အထိ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီ ဘက်မှ သေဆုံးမှုများပြားသည့်အတွက် တိုက်လေယာဥ်နှင့် တင့်ကားကိုပါ အသုံးပြုတိုက်ခိုက်ခဲ့၍ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ဘက်ကလည်း အကျအဆုံးရှိခဲ့သည်ဟု ဆိုသည်။

#မိုးဗြဲ

#စစ်ကောင်စီတပ်

#မီးရှို့ဖျက်ဆီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required