ဇွန် ၁၀၊ မန်ချက်စတာ။ ။ မန်ချက်စတာယူနိုက်တက်အသင်းသည် အက်သလက်တီကိုတိုက်စစ်မှူး မန်ဇူကစ်ကို ခေါ်ယူရန်ကမ်းလှမ်းထားသည်။ ယင်းခရိုအေးရှားတိုက် စစ်မှူးသည်လာမည့်အပြောင်းအရွှေ့အတွင်းအက်သလက်တီကိုမှထွက်ခွာမည်ဖြစ်ပြီး ဥရောပကလပ်များကစိတ်ဝင်စားနေသော်လည်း ပရီးမီးယားလိဂ်တွင်သာ ကစားရန်ဆန္ဒရှိနေသည်။
မန်ဇူကစ်သည် ဘိုင်ယန်မြူးနစ်တွင်ကစားနေစဉ်ကတည်းက မန်ယူနည်းပြဟောင်း ဒေးဗစ်မိုယက်စ်၏ ပစ်မှတ်ထားခြင်းခံခဲ့ရပြီး လက်ရှိအချိန် တွင်၎င်းကို ဘွန်ဒက်စ်လီဂါကလပ် ဝုဖ်ဘတ်ကလည်း စိတ်ဝင်စားနေသည်။
အသက် ၂၉ နှစ်အရွယ်ရှိ မန်ဇူကစ်သည် အက်သလက်တီကိုသို့ပြောင်းရွှေ့ပြီးနောက် အစပိုင်းတွင် ဒီယေဂိုကော်စတာ၏နေရာကို အကောင်းဆုံးအစားထိုးနိုင်ခဲ့ကာ ဖေဖော်ဝါရီမတိုင်မီအထိ ဂိုး ၂၀ သွင်းနိုင်ခဲ့သည်။ သို့သော်နည်းပြအဖွဲ့ဝင်တစ်ဦးနှင့် အဆင်မပြေဖြစ်ပြီးနောက် ဖေဖော်ဝါရီ ၂၁ တွင် အယ်လ်မီးရီးယားကို ၃-၀ ဂိုးဖြင့်အနိုင်ရပြီးနောက်ပိုင်းကတည်းက ဂိုးပေါက်ပျောက်သွားခဲ့ရသည်။
မန်ဇူကစ်ကိုပြီးခဲ့သည့်နှစ်ကတည်းကလိုချင်နေသည့် မန်ယူအသင်းအပြင် အာဆင်နယ်အသင်းကလည်း စိတ်ဝင်စားနေကာ မန်စီးတီးအသင်း သည်လည်း ပြီးခဲ့သည့်ရာသီအစောပိုင်းက စောင့်ကြည့်ခဲ့သေးသည်။
မန်ယူအသင်းသည် တစ်ရာသီအငှားဖြင့်ခေါ်ယူခဲ့သော ကိုလံဘီယာတိုက်စစ်မှူး ဖယ်လ်ကာအိုကို အပြီးသတ်ခေါ်ယူခြင်းမပြုရန်ဆုံးဖြတ်ပြီးနောက် တိုက်စစ်ကစားသမားဝယ်ယူရန် ရှာဖွေနေသည်။ ဂျူဗင်တပ်စ်ကစိတ်ဝင်စားနေသည့် တိုက်စစ်မှူးဗန်ပါစီသည်လည်း အသင်းတွင်ဆက် ရှိရန် မသေချာသဖြင့် အပြောင်းအရွှေ့ကာလအတွင်း တိုက်စစ်မှူးသစ်နှစ်ဦး ဝယ်ယူရန်ဆန္ဒရှိနေသည်။
ရည်ညွှန်း ဒေးလီးမေးလ်