ဇွန် ၁၉ ရက်ကို ပဋိပက္ခကာလတွင်း လိင်ပိုင်းဆု်ိင်ရာ အကြမ်းဖက်မှု ဆန့်ကျင်တိုက်ဖျက်ရေးနေ့အဖြစ် ကုလကြေညာ

ဇွန် ၁၉ ရက်ကို ပဋိပက္ခကာလတွင်း လိင်ပိုင်းဆု်ိင်ရာ အကြမ်းဖက်မှု ဆန့်ကျင်တိုက်ဖျက်ရေးနေ့အဖြစ် ကုလကြေညာ

ဘိုကိုဟာရမ်နှင့် အိုင်အက်စ်တို့ကဲ့သို့ လက်နက်ကိုင် အစွန်းရောက်အုပ်စုများ၏ ကျူးလွန်မှုများကို မီးမောင်းထိုးပြရန် နိုင်ငံတကာ ပဋိပက္ခတွင်း လိင်အကြမ်းဖက်မှု ဆန့်ကျင်တိုက်ဖျက်ရေးနေ့အဖြစ် ဇွန် ၁၉ ရက်ကို သတ်မှတ်ကြောင်း ကုလသမဂ္ဂက ဇွန် ၁၉ တွင်ကြေညာခဲ့သည်။

"စစ်ပွဲရဲ့လက်နက်တစ်ခုအဖြစ် မုဒိမ်းကျင့်မှုကို ရပ်တန့်ပစ်ရမယ်"ဟု ယင်းနေ့ကို အမည်ပေးရေး ဆုံးဖြတ်ချက်တစ်ခုကို အတည်ပြု ပြီးနောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံဥက္ကဋ္ဌ ဆမ်ကူတေဆာက ပြောကြားခဲ့သည်။ "ဒီလိုပြစ်မှုတွေ ကျူးလွန် သူတွေနဲ့သူတို့ ကိုခွင့်လွတ်တဲ့ အထက်အရာရှိတွေကို အရေးယူနိုင်ဖို့နဲ့ဓားစာခံတွေဘက်က တရားမျှတမှုရအောင်ကျွန်တော်တို့လုပ်သင့်ပါတယ်" ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ဇွန် ၁၉ ရက်ကိုရွေးချယ်ရခြင်းမှာ ၂၀၀၈ခုနှစ်၊ ဇွန် ၁၉က လုံခြုံရေးကောင်စီက ခံယူကျင့်သုံးခဲ့သည့် ဆုံးဖြတ်ချက် ၁၈၂၀ အမှတ်တရအနေဖြင့် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

၎င်းဆုံးဖြတ်ချက်က လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုသည် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ခြိမ်းခြောက်မှုတစ်ခုဖြစ်ပြီး စစ်ပွဲ၏ နည်းဗျူဟာတစ်ခုလည်းဖြစ်ကြောင်း ပထမဆုံးအကြိမ် အသိအမှတ်ပြုခဲ့သည်။

"အခုအချိန်မှာ ကျွန်တော်တို့ရဲ့ စိန်ခေါ်မှုက ရပ်တည် ကာကွယ်မှုနဲ့ နိုင်ငံရေးသဘောထားတွေကို လက်တွေ့မှာခိုင်မာတဲ့ အရေးယူဆောင်ရွက်မှုတွေနှင့် ကာကွယ်မှုတွေအဖြစ်ကို ပြောင်းလဲပေးဖို့ ဖြစ်ပါတယ် "ဟု ပဋိပက္ခတွင် လိင်အကြမ်းဖက် မှုဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ဇိုင်နက်ဘန်ဂူရာက ပြောကြားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly