မက္ကဆီကိုစီးတီး၊ ဧပြီ ၈ ။ ။ မက္ကဆီကိုနိုင်ငံတွင် ပါလီမန်ရွေးကောက်ပွဲ အကြိုရလဒ်အရ သမ္မတ ပီနာနီတိုနှင့် ၎င်း၏ ပါတီ Institutional Revolutionary Party ( PRI )ပါတီကသာ ကွန်ဂရက်ကို လွှမ်းမိုးထိန်းချုပ်သွားနိုင် တော့မည် ဖြစ်သည်။
သမ္မတပါတီက မဲ ၃၀ ရာခိုင်နှုန်းနီးပါး ရရှိထားပြီး ကွန်ဆာဗေးတစ် အမျိုးသားစွမ်းဆောင်မှုပါတီ Conservative National Action Party က ၂၂ ရာခိုင်နှုန်းခန့်ရရှိထားကြောင်း အမျိုးသား ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့က ပြောသည်။
လက်ရှိ အလားအလာ အခြေအနေအရ PRI ပါတီက လွှတ်တော်တွင် အမတ်နေရာ မဆိုစလောက် လျော့နည်းသွား မည်ဖြစ် သည်။
ယခု ရွေးကောက်ပွဲမဲပေးမှုများကို လွှတ်တော်ကိုယ်စားလှယ်အချို့ သေဆုံးမှုများနှင့် ပတ်သက်ပြီး မူးယစ်ကုန်သည်များကို အပြစ် ဆိုကာ ဆူပူဆန္ဒပြမှုများဖြစ်နေစဉ် ကျင်းပခဲ့ခြင်းလည်းဖြစ်သည်။
တနင်္ဂနွေနံနက်ပိုင်းက ဆန္ဒပြသူများနှင့် ပျောက်ဆုံးကျောင်းသား ၄၃ ဦး၏ မိဘများက တက်စ်တလာမြို့အတွင်း မဲပေးမှုများနှင့် ဆက်စပ်ပတ်သက်သည့် အရာများကို မီးရှို့ခဲ့ကြသည်။ အဆိုပါ ကျောင်းသား ၄၃ ဦး ပျောက်ဆုံးမှုကြောင့် နိုင်ငံတစ်ဝန်း ဆူပူဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။ ယင်းကျောင်းသားများကို မူးယစ်ဆေးဝါးဂိုဏ်းများက သတ်ဖြတ်ခဲ့ခြင်းဟုလည်း ဆိုသည်။