ရွှေနွယ်သွေးသပိတ်စစ်ကြောင်း ဆက်လက်ချီတက်ဆန္ဒပြ

ဖေဖော်ဝါရီလ ၁၈ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှ ရွှေနွယ်သွေးသပိတ်စစ်ကြောင်းသည် ယနေ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် ဆက်လက်ချီတက် ဆန္ဒပြကြသည်။

ရွှေနွယ်သွေးသပိတ်စစ်ကြောင်းသည် "သွေးမအေးတဲ့ ရွှေနွယ်သွေး" ဆိုသည့် ဘန်နာကို ကိုင်ဆွဲကာ ညနေခင်းဆည်းဆာအချိန်၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ၆၃၄ ရက်မြောက်နေ့အဖြစ် ချီတက်ဆန္ဒပြကြခြင်း ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)