အတုအယောင်ရွေးကောက်ပွဲ တိုက်ဖျက်မယ့် ကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်း

ဇန်နဝါရီလ ၂၂ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများစုပေါင်း၍ စစ်အာဏာရှင်ကပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြ ချီတက်ခြင်းကို ဇန်နဝါရီလ ၂၂ ရက် ယနေ့တွင် ဆက်လက်ပြုလုပ်ကြသည်။

နေ့စဉ်နှင့်အမျှ လူထု၏အသက်အိုးအိမ်စည်းစိမ်ကို သတ်ဖြတ်၊ ညှဉ်းပမ်းနှိပ်စက်ဖျက်ဆီးနေသော အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုသည် ရွေးကောက်ပွဲလုပ်ရန် လုပ်ပိုင်ခွင့် အာဏာလုံးဝမရှိကြောင်း နှင့် ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း လူထုသပိတ်မှ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ပြည်သူလူထုအနေဖြင့် စစ်အုပ်စု၏ ရွေးကာက်ပွဲကို တရားမဝင်၊ အတုအယောင် (ဝါ) လုပ်ပွဲဟု သတ်မှတ် ထားကြပြီး တချိန်တည်းမှာပင် အဆိုပါလုပ်ပွဲကို နည်းလည်းမျိုးစုံဖြင့် အကြွင်းမဲ့ ဆန့်ကျင့်တိုက်ဖျက်သွား ကြရန် သပိတ်ကော်မတီခေါင်းဆောင်တစ်ဦးမှ တိုက်တွန်းနှိုးဆော်ခဲ့သည်။

လူထုသပိတ်စစ်ကြောင်းသည် “တရားမဝင် အတုအယောင်ရွေးကောက်ပွဲ လူထုအားနဲ့ တိုက်ဖျက်ကြ” စာတမ်းကိုဆွဲကိုင်၍ ကျေးရွာပေါင်းစုံ လူထုသပိတ်၏ ရက်ပေါင်း(၆၈၂)မြောက်ရက်အဖြစ် ချီတက်ခဲ့ကြ ခြင်းဖြစ်သည်။

ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက်နေ့မှစတင် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ