မြိုင်မြို့နယ်တွင် “မတရားမှုအောက် နေသားမကျစေနဲ့ ပြိုင်တူတွန်းကြရင် အရွေ့မြန်မယ်” စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

ဇန်နဝါရီလ ၂၂ ရက်

မကွေးတိုင်း၊ မြိုင်မြို့နယ် အထွေထွေသပိတ်ကော်မတီနှင့် ဒေသခံပြည်သူလူထုပူးပေါင်းပြီး ဇန်နဝါရီလ၂၁ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ကြသည်။

“မတရားမှုအောက် နေသားမကျစေနဲ့ ပြိုင်တူတွန်းကြရင် အရွေ့မြန်မယ်၊ တော်လှန်ရေးရဲ့အဆုံးဖြတ်ဟာ လူထုမှတပါး အခြားမရှိ၊ အဖိနှိပ်ခံလူတန်းစားအားလုံး ပြိုင်တူထကြွ ရုန်းထွက်ကြ” စသည့် စာသားပါ ဘန်နာများကိုင်ဆောင်၍ “သွေးကြွေးမှာ ဆွေးနွေးစရာမရှိ၊ ဖက်စစ် စစ်တပ် အမြစ်ဖြတ်၊ အာဏာရှင်စနစ် မုချကျရှုံးရမည်” စသော ကြွေးကြော်သံများဖြင့် ချီတက်ဆန္ဒပြကြခြင်း ဖြစ်သည်။

အဆိုပါလှုပ်ရှားမှုကို မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီနှင့် အခြေခံပညာ ပညာရေး ဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီတို့က ဦးဆောင်ကျင်းပကြခြင်း ဖြစ်သည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ