စစ်အာဏာရှင်ဆန့်ကျင်ရေး ရွှေနွယ်သွေးသပိတ်စစ်ကြောင်း ၆၁၇ ရက်မြောက် ချီတက်ဆန္ဒပြ

ဇန်နဝါရီလ ၂၁ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှ ရွှေနွယ်သွေးသပိတ်စစ်ကြောင်းသည် ယနေ့ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ဆက်လက်ချီတက် ဆန္ဒပြကြသည်။

ရွှေနွယ်သွေးသပိတ်စစ်ကြောင်းသည် အာရုဏ်ဦးသပိတ်စစ်ကြောင်းအဖြစ် "သွေးမအေးတဲ့ ရွှေနွယ်သွေး"ဘန်နာကိုင်ဆွဲကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ၆၁၇ ရက်မြောက်နေ့အဖြစ် ချီတက်ဆန္ဒပြကြခြင်းဖြစ်သည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)