စစ်တပ်ထုတ်ကုန်မသုံးစွဲရေး လောင်းလုံးမြို့နယ်မှ နှင်းဆီရောင်အမျိုးသမီးထု လှုံ့ဆော်ဆန္ဒပြ

ဇန်နဝါရီလ ၁၆ ရက်

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် ယနေ့ ဇန်နဝါရီလ ၁၆ ရက်နေ့ ညနေပိုင်း က စစ်တပ်ထုတ်ကုန်မသုံးစွဲရေး နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ(ထားဝယ်)မှ ဦးဆောင်လှုံ့ဆော်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါလှုပ်ရှားမှုတွင် “စစ်တပ်ရဲ့ အခြေခံစီးပွားရေးထောက်တိုင်ကို ဖြိုချကြစို့” ခေါင်းစဉ်ဖြင့် နှင်းဆီ ရောင်အမျိုးသမီးများသမဂ္ဂ(ထားဝယ်)မှ ဦးဆောင်ပြီး နှင်းဆီရောင်အမျိုးသမီးထုလှုပ်ရှားမှုဖြင့် ပြုလုပ်ကြ သည်ဟု သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ