ရွာပေါင်းစုံ သပိတ်စစ်ကြောင်းက ကျဆုံးသူရဲကောင်းများကို လွမ်းသူ့ပန်းချ၍အလေးပြု

စက်တင်ဘာလ ၂၇ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ရွာပေါင်းစုံသပိတ်စစ်ကြောင်းမှ ကျဆုံးသူရဲကောင်းများကို လွမ်းသူပန်းခွေချ၍ အလေးပြုကာ စက်တင်ဘာ ၂၇ ရက်တွင် ဆက်လက်ချီတက်ဆန္ဒပြခဲ့ကြသည်။

လူထုသပိတ်စစ်ကြောင်းသည် ပုသိမ် - မုံရွာလမ်းနှင့် ယာကြီး - ကလေး လမ်းဆုံ ရွှေတောင်ဦးအနီးတွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် မတ်လ ၂၇ ရက်တွင်ကျဆုံးခဲ့ရသော အာဇာနည် သူရဲကောင်း ကိုချမ်းမြေ့ကျော်နှင့် အခြားသူရဲကောင်းများ၏ အုတ်ဂူတွင် လွမ်းသူပန်းခွေချပြီး အလေးပြုခဲ့ကြခြင်းဖြစ်သည်။

အဆိုပါရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်နေ့မှစတင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်ပြီး ယနေ့ဆိုပါက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှု ၅၆၅ ရက် မြောက်အထိ ရှိခဲ့ပြီဟုလည်း သိရသည်။

စာတည်း ။ ။ Alden