ဦးဂျင်မီ၊ဦးဖြိုးဇေယျာသော် အပါအဝင် နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့ရသူ အားလုံးအတွက် နယူယောက်မြို့တွင် ဆန္ဒပြဆုတောင်းပွဲပြုလုပ်

ဇူလိုင်လ ၂၇ ရက်

အမေရိကန်နိုင်ငံ နယူးယောက်မြို့ Queens မြို့နယ်တွင် ဦးဂျင်မီ၊ဦးဖြိုးဇေယျာသော် အပါအဝင် နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့ရသူ အားလုံးအတွက် နယူယောက်မြို့တွင် ဇူလိုင်လ ၂၆ရက် ည၇နာရီအချိန်မှ စတင်ကာ ဆန္ဒပြဆုတောင်းပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

NYCBC အဖွဲ့မှဦးဆောင်ပြုလုပ်သည့် အဆိုပါ သံန္နိဌာန်ပြု ဆုတောင်းပွဲတွင် အကြမ်းဖက် စစ်ကောင်စီ​၏ ထောင်တွင်း လူမဆန်စွာ ကျုးလွန်ကွပ်မျက်ခြင်းကြောင့် ကြွေလွှင့်ခဲ့ရရှာသော အာဇာနည် ကိုကျော်မင်းယု (ကိုဂျင်မီ), ကိုဖြိုးဇေယျာသော်, ကိုလှမျိုးအောင် နှင့် ကိုအောင်သူရဇော် တို့ကို ဂုဏ်ပြုဦးညွတ်ခဲ့ပြီး၊ အရေးတော်ပုံအောင်သည်အထိ ကြိုးစားတွန်းလှန်မည်ဟု သံန္နိဌာန်ပြုခဲ့ကြပါသည်။

ကြွေလွှင့်ခဲရသော အာဇာနည်ရဲဘော် လေးဦးနှင့်တကွ ဖမ်းဆီးအကျဉ်းကြခံထားရသော တော်လှန်ရေးရဲဘော်များ၊ အသက်ဆုံးရှုံခဲ့ရသော တော်လှန်ရေးရဲဘော်များ အားလုံးအတွက် ကြွေကြော်သံများဖြင့် ဆုတောင်းမေတ္တာများလည်း ပို့သခဲ့ကြသည်ဟု သိရသည်။

အဆိုပါ သံန္နိဌာန် ဆုတောင်းပြုပွဲသို့ နယူးယောက်ရှိ မြန်မာပြည်ဖွား တိုင်းရင်းသားအင်အားစု ၃၀၀ ကျော် ပါဝင် ဆန္ဒထုတ်ဖော် ခဲ့ကြသည်။