My India Ep 642

My India Ep 642

ဒီဇင်ဘာလ ၁၅ ရက်

ဒီတပတ် My India Ep 642 ရဲ့ တင်ဆက်မှုတွေကတော့

အိုဒီရှာပြည်နယ် ပူရီမြို့က ဂျက်ဂါနာ့သ် ရာသ်ယာထရာ ပွဲတော်မှာ သဲအနုပညာရှင် တစ်ယောက်က အရှင်ဂျက်ဂါနာ့သ်ရဲ့ ကမာ့အသေးဆုံး ရထားလုံးကို ပြုလုပ်ခဲ့တဲ့အကြောင်း

ဟိန္ဒူဘာသာဝင်များဖြစ်ကြတဲ့ ကျောက်ထွင်းပညာရှင် သုံးယောက်တို့ဟာ မီရွတ်မြို့မှာရှိတဲ့ ရှာဟီဂျာမာဗလီတွင် ကုန်အာရ်ကျမ်းစာထဲက တရားစာပိုဒ်များကို ဗလီရဲ့ဝင်ပေါက်မှာ ထွင်းထုပေးနေကြတဲ့အကြောင်း

အိန္ဒိယလူမျိုးဒီဇိုင်နာ ဗိုင်ရှာလီ ရှာဒန်ဂူလီက သူမရဲ့ ပထမဆုံး ပဲရစ်ဖက်ရှင်ရက်သတ္တပတ်အဖြစ် ဖက်ရှင်ရှိုးပွဲကို ပါရီရှန်အထက်တန်းကျောင်းတစ်ခုရဲ့ လယ်ယာဥယျာဉ်တစ်ခုမှာပြုလုပ်ခဲ့တဲ့အကြောင်း

ဂျမ်းမူနဲ့ကတ်ရှ်မီးယားနယ်မြေရဲ့ မြောက်ပိုင်း ကာသူအာခရိုင်က အစွန်းဆုံးနယ်စပ်ဘိုဘီယာရွာလေးက Covid-19 ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပြီးတဲ့အကြောင်း

အိန္ဒိယတောင်ပိုင်း ဟိုက်ဒရာဘတ်မြို့က သက်ကြီးစုံတွဲတစ်တွဲက ယာဉ်မတော်တဆမှုများမဖြစ်ပွားစေဖို့ ကာကွယ်တဲ့အနေနဲ့ ၎င်းတို့ရဲ့စုငွေများနဲ့ လမ်းပေါ်က ချိုင့်ပေါက်များကို လိုက်လံဖြည့်ပေးခဲ့တဲ့အကြောင်း

မက်ဒ်ယာပရာဒေ့ရှ်ရဲ့ မန်ဒ်ဆောခရိုင်အတွင်းမှာ တည်ရှိတဲ့ ဆူဖီသူတော်စင် ဟာဇရက်နာဟာ ဆာယက်ဒ်ဘာသာရဲ့ ဗိမာန်က နေ့စဉ်များပြားလှတဲ့ဘာသာဝင်အသီးသီးတို့က ကောင်းချီးခံယူဖို့ လာရောက်စုရုံးကြတဲ့အကြောင်း

အသက် ၅ နှစ်အရွယ် နယူးဒေလီက တက်သစ်စ လက်ဝှေ့သမားလေးက စက္ကန့်ခြောက်ဆယ်အတွင်း လက်သီးအကြိမ်ရေ ၁၀၀ ထိုးပြီး အမြန်ဆုံးအဖြစ် ကမ္ဘာ့မှတ်တမ်းတင်နိုင်ခဲ့တဲ့အကြောင်း

20:36 _ ကမ္ဘာနိုင်ငံအသီးသီးက ဖွံ့ဖြိုးတိုးတက်မှုသတင်းတွေနဲ့အခြားသတင်းတွေပါဝင်တဲ့ World In Focus အစီအစဉ်နှင့်တကွ အခြားစိတ်ဝင်စားစရာ အစီစဉ်ကောင်းများကို တင်ဆက်ပေးမှာပဲဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly