ထားဝယ်နည်းပညာတက္ကသိုလ်ဆရာမကို စစ်ကောင်စီက ဖမ်းဆီး

ထားဝယ်နည်းပညာတက္ကသိုလ်ဆရာမကို စစ်ကောင်စီက ဖမ်းဆီး

စက်တင်ဘာ ၂၁

စစ်ကောင်စီတပ်က ဆရာမတစ်ဦးကို ထပ်မံဖမ်းဆီးလိုက်ရာ ထားဝယ်နည်းပညာတက္ကသိုလ်တစ်ခုတည်းမှ ဖမ်းဆီးခံရသူ ၁၃ ဦးရှိသွားပြီဖြစ်သည်။

အီလက်ထရောနစ်အင်ဂျင်နီယာဌာနမှ ဆရာမဒေါ်နှင်းနန္ဒာအောင်နေထိုင်ရာ ထားဝယ်မြို့၊ ဘုမ္မော်ရပ်ကွက်ရှိ နေအိမ်သို့ စက်တင်ဘာ ၁၉ ရက်နေ့ ည ၁၀ နာရီက လာရောက်ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း ထားဝယ်နည်းပညာတက္ကသိုလ်ကျောင်းသား သမဂ္ဂကထံက ပြောသည်။

" ပြည်သူ့ဝန်ထမ်းကောင်း" ဆရာမကို ဖမ်းဆီးခြင်းကို ရှုံ့ချကြောင်း ကျောင်းသားသမဂ္ဂက ကန့်ကွက်လိုက်ပြီး အကြွင်းမဲ့လွှတ်ပေးရန် ယမန်နေ့က ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် တောင်းဆိုလိုက်သည်။

လက်ရှိအချိန်အထိ ဆရာမကို မည်သည့်အတွက်ကြောင့် ဖမ်းဆီးသွားခြင်းနှင့် မည်သည့်နေရာ၌ ချုပ်နှောင်ထားသည်ကို မသိရသေးဘဲ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

Photo-DTUSU

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly