ကချင်ပြည်နယ်နှင့် နေပြည်တော်အပါအဝင် ဒေသ ၇ ခုတွင် မိုးကြီးနိုင်ကြောင်း မိုးဇလ သတိပေး

ကချင်ပြည်နယ်နှင့် နေပြည်တော်အပါအဝင် ဒေသ ၇ ခုတွင် မိုးကြီးနိုင်ကြောင်း မိုးဇလ သတိပေး
Photo - ဗန်းမော်-မန္တလေးလမ်းပိုင်းတစ်နေရာ၌ ရေကျော်နေစဉ်

ဩဂုတ် ၁

မြန်မာနိုင်ငံအထက်ပိုင်းဒေသများ၌ ပုံမှန်ထက် မိုးကောင်းနေပြီး ကချင်ပြည်နယ်နှင့် နေပြည်တော်အပါအဝင် ဒေသ ခုနှစ်ခုတွင် မိုးကြီးနိုင်​​ကြောင်း မိုးဇလဌာနက သတိပေးထားသည်။

ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ယခုရက်ပိုင်း နေရာကွက်ကြား မိုးကြီးပြီးနောက် ဗန်းမော် - မန္တလေးလမ်းပိုင်း နေရာအချို့၌ ရေကျော်နေသည်။ 

ထိုအခြေအနေတွင် အထက်ပါဒေသနှစ်ခုအပြင် နေပြည်တော်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနသ်ာရီတိုင်းဒေသကြီးတို့တွင် မိုးကြီးနိုင်ကြောင်း မိုးဇလက ယနေ့ ဩဂုတ်လ ၁ရက် ညနေပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇူလိုင်လနှောင်းပိုင်းတွင် ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနသ်ာရီတိုင်းဒေသကြီးတို့၌  မိုးကြီးခဲ့ပြီး ဒေသခံများ ရေဘေးကြုံတွေ့ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly