မြန်မာနိုင်ငံမှာသုံးစွဲသူများပြားလာတဲ့ ဝင်ငွေရ Bigo Live App မှ ကျင်းပတော့မယ့် Bigo Gala Award 2021

မြန်မာနိုင်ငံမှာသုံးစွဲသူများပြားလာတဲ့ ဝင်ငွေရ Bigo Live App မှ ကျင်းပတော့မယ့် Bigo Gala Award 2021

ကမ္ဘာတစ်ဝှမ်းရှိ သုံးစွဲသူသန်း ၄၀၀ ကျော်ရှိပြီး မြန်မာနိုင်ငံမှာပါ သုံးစွဲသုများပြားလာတဲ့ Bigo Live Application ရဲ့ Gala Award 2021 ကို ဇန်နဝါရီ ၂၁ ရက်နေ့ ညနေ၆နာရီ၃၀မိနစ် မှာ ပြုလုပ်ကျင်းပမယ်လို့ သိရပါတယ်။

Bigo Live application ဟာ မြန်မာနိုင်ငံရဲ့ လူမှုကွန်ရက်သုံးစွဲသူများအကြား ၂၀၁၉ ဒီဇင်ဘာမှာစတင်ရောက်ရှိ ခဲ့တာဖြစ်ပြီး နေ့စဥ်သုံးစွဲသူဦးရေတိုးတက်နေတဲ့ application ဖြစ်ပါတယ်။
Bigo Live ဟာ အခြားလူမှုကွန်ရက်သုံးစွဲမှုများနဲ့မတူ ထူးခြားမှူများစွာရှိပါတယ်။ Live ထုတ်လွှင့်မှုမှာ ကိုယ်ပိုင် Talent တွေကို တင်ဆက်ပြသနိုင်ပြီး ဝင်ငွေရရှိစေတဲ့live streaming application တစ်ခုပဲဖြစ်ပါတယ်။

အခုအခါ Bigo Live သုံးစွဲသူများရဲ့ Live streaming Talent နဲ့ ဖန်တီးမှုများကို ဂုဏ်ပြုတဲ့ အစီအစဉ်ပဲ ဖြစ်ပါတယ်။
 

ဒီအစီအစဉ်ကို Bigo Live ရဲ့ကိုယ်ပိုင်ကိုယ်ပိုင်ကိုယ်ပိုင်ဂီတရုပ်သံလိုင်း (Bigo ID: music) မှတဆင့် ထုတ်လွှင့်သူများစွာကို အသိအမှတ်ပြုခြင်းနှင့်ချီးမြှင့်ခြင်းများပြုလုပ်ရန်စီစဉ်ထားပြီး  ယခုနှစ်ရဲ့ အဓိကအကြောင်းအရာမှာ“ Connecting the World” ဖြစ်ပါတယ်။ ဒီပွဲမှာကမ္ဘာတလွှားကထုတ်လွှင့်သူတွေရဲ့ ဖျော်ဖြေမှူတွေ ပါဝင်မှာဖြစ်ပြီး  ၎င်းတွင် Myanmar Top Broadcasting Htoo Chit (BIGO ID: HtooChit) ရဲ့ စွမ်းဆောင်ချက်ပါဝင်မှာဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ  Bigo live Application သုံးစွဲသူများထဲမှ ပရိသတ်စိတ်အဝင်စားဆုံးဖြစ်သူ မေထူးချစ်မှ " Bigo Live ကို ၂၀၂၀ ဖေဖော်ဝါရီ မှာ စသုံးဖြစ်ခဲ့တယ်။ သူငယ်ချင်းအသစ်တွေရပြီး ကိုယ့်ရဲ့ Talent ဖြစ်တဲ့ သီချင်းဆိုတာနဲ့ဖျော်ဖြေခဲ့တယ်။ အခြားလူမှုကွန်ရက်တွေနဲ့ မတူတာက Live ထုတ်လွှင့်ပြီး ကိုယ့်ရဲ့ အရည်အချင်းပေါ်မှာ ပရိသတ်ရလာတယ်၊ပြီးတော့ဝင်ငွေတစ်ခုရလာတာပါပဲ။ အခုဆို Bigo Live ကိုသုံးတဲ့သူတွေ လည်းပိုများလာလို့ မသုံးဖြစ်သေးတဲ့သူတွေ စသုံးကြည့်ပါ။ Bigo Awards Gala မှာ လာပြီးလေ့လာပါ"လို့ ဖိတ်ခေါ်ခဲ့ပြီး  Bigo Live ရဲ့ star တစ်ယောက်ဖြစ်တဲ့ မိုးသင်ဇာ ကလည်း" Bigo live က အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်းသုံးစွဲလို့ရတဲ့ Application ဖြစ်တယ်။ ဘယ်သူမဆို ကိုယ့်ရဲ့ ကိုယ်ပိုင်အားလပ်ချိန်လေးမှာ ကိုယ်ကျွမ်းကျင်တဲ့ Talent တွေကို ဖော်ထုတ်ပြသပြီး ဝင်ငွေရှာလို့ရတယ်။ ကိုယ့်ရဲ့အားလပ်ချိန်မှာ ဒီ Application ကနေ ဗဟုသုတတွေလည်းရှာလို့ရတယ်။ ဒါကြောင့် ဒီ BIGO Award Gala 2021မှာလာရောက်လေ့လာပါ" လို့ ဖိတ်ခေါ်ခဲ့ကြပါတယ်။ 

မီးအကများ၊ DJ အဖွဲ့များ၊ K-pop အကများကဲ့သို့ထူးခြားတဲ့ဖျော်ဖြေပွဲများဖြင့် ဖျော်ဖြေမှာဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းရှိသုံးစွဲသူသန်း ၄၀၀ ကျော်ပါဝင်မှာဖြစ်တဲ့ ဒီဖျော်ဖြေပွဲများပြုလုပ်ပြီး  Bigo Live ရဲ့ မတူကွဲပြားတဲ့ စွမ်းရည်ကိုထင်ဟပ်ပြသမှာဖြစ်ပါတယ်။ Gala ဟာပရိသတ်အားလုံး ပါဝင်နိုင်ပြီး စိတ်လှုပ်ရှားစရာနည်းလမ်းသစ်များ ထည့်သွင်းထားပါတယ်။  ကြည့်ရှုသူအားလုံးဟာလည်း မိမိတို့ကြိုက်နှစ်သက်တဲ့ ထုတ်လွှင့်သူများ၊ Bigo Live Family နှင့်စိတ်လှုပ်ရှားဖွယ်ဆုများအတွက် ကံစမ်းမဲအစီအစဉ်တွင် အသုံးပြုနိုင်သည့်လက်မှတ်များကိုရရှိရန် ဖျော်ဖြေတင်ဆက်မှုများအတွက်မဲပေးနိုင်ပါတယ်။  

BIGO Awards Gala 2021 ကို https://bigolive.onelink.me/sG8X/2021GALAPRGLOBAL တွင်တိုက်ရိုက် download လုပ်နိုင်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly