သရုပ်ဆောင်ဗေလုဝ သေဆုံးသည့်သတင်း ကောလာဟလသာဖြစ်

သရုပ်ဆောင်ဗေလုဝ သေဆုံးသည့်သတင်း ကောလာဟလသာဖြစ်

ဒီဇင်ဘာလ ၁၄

သရုပ်ဆောင်ဗေလုဝ သေဆုံးခြင်းသတင်းများမှာ မဟုတ်မှန်ဘဲ လက်ရှိတွင် ကျန်းမာရေးကောင်းမွန်လျက် ရှိကြောင်း ၎င်းဇနီးဖြစ်သူ ဒေါ်စုစုခိုင်က မဇ္စျိမသို့ ဒီဇင်ဘာလ ၁၄ရက်ကပြောသည်။ 

သရုပ်ဆောင် ဗေလုဝ ကွယ်လွန်သွားကြောင်း  ဒီဇင်ဘာလ ၁၄ရက်(ယနေ့)တွင် အင်တာနက် လူမှုကွန်ယက် စာမျက်နှာများ၌ ပျံနှံ့နေခြင်းဖြစ်သည်။ 

ဒေါ်စုစုခိုင်က “ အခုလည်း အဲဒါပဲဖြေနေရတယ်။ မဟုတ်ပါဘူး။ ကောလာဟလပါ။ ကျန်းမာရေးက ကောင်းပါတယ်။ စားနိုင်၊ သောက်နိုင်တယ်။ အိမ်ပေါ်မှာ ကျန်းမာရေးလုပ်။ ဘောလုံးပွဲတွေ ဘာတွေကြည့်။ အကောင်းအတိုင်းပါပဲ” ဟု ပြောသည်။ 

ယခုကဲ့သို့ အွန်လိုင်းပျံနှံမှုနှင့်ပတ်သက်ပြီး ပိုမိုကျန်းမာစေရန် ယတြာချေပေးသလိုဖြစ်သွားကြောင်း ဦးဗေလုဝ၏ ဇနီးဖြစ်သူက ပြောသည်။ 

သရုပ်ဆောင် ဦးဗေလုဝသည် ဦးနှောက်သွေးကြောပိတ်ရောဂါခံစားနေရသဖြင့် ပင်လုံဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ရပြီးနောက် နေအိမ်တွင် လေ့ကျင့်ခန်းလုပ်ဆောင်နေကာ ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly