၂၀၂၀ အထွေထွေရွေးကောက်ပွဲ အကြို သုံးသပ်ခန့်မှန်းချက် (ကရင်ပြည်နယ်)

၂၀၂၀ အထွေထွေရွေးကောက်ပွဲ အကြို သုံးသပ်ခန့်မှန်းချက် (ကရင်ပြည်နယ်)
ကရင်ပြည်နယ်ရှိ ဇွဲကပင်တောင် (ဓာတ်ပုံ - သူရ/မဇ္ဈိမ)

ကရင်ပြည်နယ်

ကရင်ပြည်နယ်လူဦးရေ     = ၁၅၇၄၀၇၉ ဦး

ရွေးကာက်ခံနေရာနှင့် ၂၀၁၅ မဲရလဒ် 

ရွေးကောက်ခံနေရာ         = ၃၆ နေရာ 

  • •    ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၇ နေရာ

    အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ခြောက်နေရာ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တစ်နေရာ၊ 

  • •    အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁၂ နေရာ 

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ၁၀ နေရာ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နှစ်နေရာ။ 

•    ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ၁၄ နေရာ 
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ၁၀ နေရာ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသုံးနေရာ၊ ကရင်ပြည်သူ့ပါတီ တစ်နေရာ။
 
•    တိုင်းရင်းသားရေးရာဝန်ကြီးနေရာ ၃ နေရာ 
        အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ သုံးနေရာ၊ 

၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပါတီများ

  • - အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် 
  • - ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ 
  • - ကရင်ပြည်သူ့ပါတီ
  • - ကရင်ဒီမိုကရက်တစ်ပါတီ၊
  • -  ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ၊
  • -  ကယန်းအမျိုးသားပါတီ
  • - ဗမာပြည်သူ့ပါတီ 
  • -  မွန်ညီညွတ်ရေးပါတီ၊
  • - ပြည်သူ့ရှေ့ဆောင်ပါတီ၊ 
  •            -  ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ
  • - ညီညွတ်သော တိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ၊
  •            - တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊
  • - ပအိုဝ်းအမျိုးသားပါတီ

အားကောင်းပြီး ယှဉ်ပြိုင်မှုပြင်းထန်မည့်ပါတီများ
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ကရင်ဒီမိုကရက်တစ်ပါတီ။ 

 

  • •    ၂၀၁၅ နောက်ပိုင်းပူးပေါင်းသည့်တိုင်းရင်းသားပါတီများ 

ကရင်ပြည်နယ်ဒီမိုကရေစီနှင့်ဖွံ့ဖြိုးရေးပါတီ + ကရင်ဒီမိုကရက်တစ်ပါတီ + စည်းလုံးညီညွတ်သော ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ = ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ

ကရင်ပြည်နယ်မှာ မြို့နယ် ခုနှစ်မြို့နယ်ရှိပြီး ရွေးကောက်ခံနေရာ ၃၆ နေရာရှိပါတယ်။
(၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ပြည်သူ့လွှတ်တော် ခုနှစ် နေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာ၊ ပြည်နယ်လွှတ်တော် ၁၄ နေရာ၊ တိုင်းရင်းသားရေးရာဝန်ကြီးနေရာ သုံးနေရာ) 
ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ဖာပွန်၊ ဘားအံ၊ လှိုင်းဘွဲ့၊ သံတောင်ကြီး၊ မြဝတီ၊ 

  • လွှမ်းခြုံမြင်ကွင်း

ကရင်ပြည်နယ်ထဲမှာ ကရင်၊ ဗမာ၊ မွန်၊ ရှမ်း၊ ပအိုဝ်းလူမျိုးများ နေထိုင်နေကြပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ ဒီချုပ်က နေရာ ၂၉ နေရာနဲ့ အများဆုံးရခဲ့ပြီး ပြည်ခိုင်ဖြိုးကတော့ ခြောက်နေရာနဲ့ ဒုတိယလိုက်ခဲ့ပါတယ်။ ကရင်ပြည်နယ်အခြေပြု တိုင်းရင်းသားပါတီ ခြောက်ပါတီ ဟာ ၃၆ နေရာမှာ ဝင်ယှဉ်ပြိုင်ခဲ့ပေမယ့်လည်း ကရင်ပြည်သူ့ပါတီတစ်ခုပဲ ပြည်နယ်လွှတ်တော် တစ်နေရာ အနိုင် ရခဲ့ပါတယ်။ 

ဒါပေမယ့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ကရင်ပါတီတွေပေါင်းစည်းပြီး ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ KNDP အဖြစ် ဗျူဟာအသစ်နဲ့ ရွေးကောက်ပွဲအတွက် ပြင်ခဲ့တာမို့ လူထုထောက်ခံမှုပိုရလာမယ်လို့ မျှော်လင့်စရာဖြစ်နေပါတယ်။ KNDP ရဲ့ အဓိက ဦးတည်ချက်ကတော့ ပြည်နယ်လွှတ်တော်ထဲ အမတ်များများရောက်ပြီး ပြည်နယ် အစိုးရကို ထိန်း ကျောင်းရေးဆိုတာကို လက်တွေ့ဦးတည်ထားပါတယ်။ 

ဗဟိုအစိုးရကို ဆယ်စုနှစ်ပေါင်းများစွာ တော်လှန်ပုန်ကန်နေတဲ့ အဓိက အဖွဲ့ကြီးဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ အစိုးရတို့ တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး သဘောတူ စာချုပ် (NCA) ရေးထိုးခဲ့တဲ့နောက်ပိုင်း ကရင်ပြည်နယ်မှာ ဖာပွန်ဒေသအချို့ ကလွဲရင် သေနတ်သံ မကြားရသလောက်ဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် တနင်္လာနေ့မနက်ကပဲ NCA ရေးထိုးထားတဲ့ အဖွဲ့တွေဖြစ်တဲ့ မွန်ပြည်သစ်ပါတီ (NMSP) နဲ့KNU တို့ဟာ ကော့ကရိတ်မြို့နယ်ထဲမှာ ပစ်ကြခတ်ကြ တွေဖြစ်ခဲ့ပါသေးတယ်။ နှစ်ဘက်တင်းမာမှုတွေမြင့်တက်လာတာက အဲဒီဒေသက ရွေးကောက်ပွဲ ကိုပါ ထိခိုက်စေမှာလားဆိုတာတော့ စောင့်ကြည့်စရာဖြစ်ပါတယ်။
 
ကော့ကရိတ်၊ ကြာအင်းဆိတ်ကြီး၊ ဘားအံ့၊ လှိုင်းဘွဲ့ ၊ မြဝတီ၊ သံတောင်ကြီး၊ ဖာပွန်၊ မြို့နယ် ခုနှစ်မြို့နယ်က ပြည်သူ့လွှတ်တော် ခုနှစ်နေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာအတွက် ယှဉ်ပြိုင်ကြရမှာဖြစ်ပါတယ်။ အဓိကပါတီတွေကတော့ NLD၊ USDP နဲ့ KNDP တို့ ဖြစ်ပါတယ်။ 

ပြည်နယ်အတွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေကန့်ကွက်ထားတဲ့ ကျောက်မီးသွေး လောင်စာသုံး ဓာတ်အားပေးစက်ရုံစီမံကိန်းလိုဟာမျိုးကို တွန်းထိုးလုပ်ချင်နေခဲ့ပေမယ့်လည်း ပြည်နယ်ဝန်ကြီးချုပ်ဖြစ်ပြီး ပါတီထိပ်တန်းခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဒေါ်နန်းခင်ထွေးမြင့် ဟာ ယေဘုယျအားဖြင့် လူကြိုက်များနေဆဲဖြစ်ပါတယ်။ ပြည်နယ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုလျော့ပါးရေး၊ ပိုင်ရှင်လက်ဝယ်ပြန်မရောက်သေးတဲ့ မြေသိမ်းယာသိမ်း ကိစ္စတွေ၊  တရုတ်ကရင်းနှီးမြုပ်နှံတဲ့ ရွှေကုက္ကိုမြို့သစ်စီမံကိန်းတွေဟာလည်း ဝေဖန်တာတွေရှိ ပေမယ့်လည်း တဘက်မှာလည်း လမ်းတွေ၊ လျှပ်စစ်မီးတွေပိုတိုးကောင်းလာတာအပေါ် ကျေနပ်မှုတွေလည်း ရှိနေပါတယ်။
 
တပ်မတော်ထိန်းကွပ်မှုအောက်က အပိုင်စား နယ်မြေအလိုက် နယ်ခြားစောင့်တပ် ဘာသာရေး အစွန်းရောက် စစ်မင်းရာဇာတွေရဲ့ သြဇာလွှမ်းမိုးမှုကလည်း ရွေးကောက်ပွဲရလာဒ်ကို သက်ရောက် ပါတယ်။ လျှို့ဝှက်ဆန္ဒမဲပေးတာဆိုပေမယ့် ခေါင်းဆောင်သူက ဘယ်ပါတီကိုထဲ့ဆိုတဲ့ လမ်းညွှန် ချက်က မဲပြားပေါ်သက်ရောက်ပါတယ်။ ပြည်ခိုင်ဖြိုးရဲ့ ရွေးကောက်ပွဲ ဗျူဟာမြောက် ပြည်နယ်တစ်ခု ဖြစ်ပါတယ်။

ဒါပေမယ့် လမ်းညွှန်မှုတွေအကုန်လုံးက ညွှန်ပြနေတာကတော့ NLD အနေနဲ့ နိုဝင်ဘာ ၈ ရက်နေ့မှာ ကိုယ်စားလှယ်နေရာအများဆုံးရဦးမှာပဲဖြစ်ပါတယ်။ 

ပြည်နယ် မဲရလာဒ်ခန့်မှန်းရန်အတွက် ဦးမြင့်အောင် (ဒါရိုက်တာ - ဇွဲကပင်ပုံရိပ် အရပ်ဘက်လူမှုအဖွဲ့အစည်း)၊ နန်းမြသီတာ (Research Institute for Society and Ecology) - ကရင်ပြည်နယ် နှင့်  စောကျော်ဇင်ခေး(သုတေသီ) - ကရင်ပြည်နယ် တို့ကိုဖိတ်ခေါ်ထားပါတယ်။ 

  •    ဦးမြင့်အောင် 
  •    NLD ကအားသာဦးမည့် ဘားအံ 

“ဘားအံအနေနဲ့ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အားကောင်းတယ်။ ငါးနှစ်တာကာလမှာ ဦးဆောင်မှုအလွဲတွေရှိပေမယ့် ပြည်သူအများစုက ကိုယ်စားလှယ်တွေထက် ဒေါ်စုကိုကြည့်ပြီး ထောက်ခံမှုက လျော့မသွားတဲ့အတွက် အားကောင်းတာြဖစ်တယ်။ ဒါပေမယ့် တစ်သီးပုဂ္ဂတွေလည်းဝင်ပြိုင်ကြမယ်၊ နောက် ကရင်ဒီမိုကရက်တစ်ပါတီလည်းပြိုင်မယ်၊ ကြံ့ခိုင်ရေးလည်းရှိတော့ မဲတော့ ကွဲသွားနိုင်တယ်။ မဲရလဒ်က အရမ်းကြီးတော့ ကွာမယ်မထင်ဘူး။”     

  •   နန်းမြသီတာ 
  •    တိုင်းရင်းသားပါတီတွေအတွက် သံတောင်ကြီး

“သံတောင်ကြီးဘက်ခြမ်းကတော့ ကရင်ပြည်သူ့ပါတီ ကနိုင်လေ့ရှိတယ်။ ကျွန်မတို့မျှော်လင့်ထား တာကတော့ ဒီတစ်ခေါက်တိုင်းရင်းသားပါတီတွေ နိုင်မယ်လို့မျှော်လင့်ထားတယ်။ ဒါပေမယ့် တိုင်းရင်းသားပါတီတွေ ကြားမှာလဲ ညှိရတာ တစ်ချို့က အဆင်ပြေသလို၊ တစ်ချို့ကအဆင်မပြေတဲ့ အပေါ်မှာ အရမ်းကြီး စုစုစည်းစည်းနဲ့ အားကောင်းကောင်းကြီး မဖြစ်လာဘူးဆိုတာကို တွေ့ရတယ်။”

“အရင် NLD နိုင်သွားခဲ့တဲ့ အပေါ်မှာကြည့်ရင် မဲပေးသူရဲ့ ၅၀ ရာခိုင်နှုန်းကျော်အောင်တစ်ယောက်မှ နိုင်မသွားခဲ့ဘူး။ တစ်ချို့သော NLD လွှတ်တော်ကိုယ်စားလှယ်တွေကို မဲပေးကြဉီးမယ်ပေါ့။ သူတို့ရဲ့ ဒေသတွေမှာလည်း ကောင်းနေသေးတာကို။”

  •     စောကျော်ဇင်ခေး(သုတေသီ) - ကရင်ပြည်နယ် 
  •    ပါတီနှစ်ခုအားပြိုင်ရမယ့် သံတောင်ကြီး 

    “ကရင်ပြည်သူ့ပါတီကတော့ သံတောင်ကြီးဘက်မှာ အားကောင်းနိုင်တယ်။ အရင်ရလဒ်တွေကိုကြည့်တာလည်းပါသလို သူ့ကိုထောက်ခံကြသူတွေလည်း အားကောင်း တဲ့အတွက် အခြားပါတီတွေထက်သူက အားကောင်းနိုင်ပါတယ်။ ၂၀၁၀ မှာ ကရင်ပြည်သူ့ပါတီက နေရာတော်တော်များများ ရခဲ့သိလို ၂၀၁၅ မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြန်ပြီးနိုင်ခဲ့တဲ့ အတွက် ခု တစ်ခေါက်မှာတော့ ဒီနှစ်ပါတီက အဓိကယှဉ်ပြိုင်ရဖို့များပါတယ်။” 

  •   စောကျော်ဇင်ခေး
  •    ပေါင်းစည်းကရင်ပါတီ NLD ကို ခက်ခက်ခဲခဲပြိုင်ရမယ့် လှိုင်းဘွဲ့၊ မြဝတီ

“ပေါင်းစည်းထားတဲ့ပါတီတွေရဲ့ အားကောင်းရာဒေသတွေပေါ့နော်၊ သူတို့ကတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့တော့ ခက်ခက်ခဲခဲတော်တော်ယှဉ်ပြိုင်ရမယ်ပေါ့နော်။”

  •  ဦးမြင့်အောင် 
  •  NLD သာတဲ့ မြဝတီ  

“မြဝတီမှာ ကျွန်တော်လက်လှမ်းမှီသလောက်ဆို ပြည်သူ့ရှေ့ဆောင်ပါတီက ဝင်ပြိုင်မယ့် နော်လားရှီးဆိုရင် သူက CSO လောကသားတစ်ဦးလည်းဖြစ်တယ်၊ ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာလည်း အမျိုးသမီးတစ်ယောက်အနေနဲ့ ပြည်သူတွေရဲ့ အသံတွေကို ထုတ်ဖော်ချင်သူလည်းဖြစ်တယ်၊ နယ်စပ်မှာဖြစ်နေတဲ့ ပြဿနာတွေကိုလည်း လွှတ်တော်မှာ အသံထွက်ပေးနိုင်မယ့်သူဆိုတော့ သူ့လည်းအားကောင်းနိုင်တယ်။ ဒါပေမယ့် ဒေသခံတွေဆီကအသံတွေအရဆို သူ့ကိုထောက်ခံချင်ပေမယ့် ပါတီရွေးချယ်မှုအပေါ်မှာတော့ အချို့ကသိပ်မကြိုက်ကြတာတွေ့ရတယ်၊ နောက်အဲ့ဒီနေရာမှာ ဒီချုပ်ပါတီကလည်းအားကောင်းနေတယ်ပေါ့နော်။”

ခြုံငုံသုံးသပ်ကြည့်မယ်ဆိုရင် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မှာ NLD ပဲရသွားနိုင်တယ်၊ 

 

  • ဦးမြင့်အောင် 
  • ဖာပွန် မှာကြံ့ခိုင်ရေးအားကောင်းနေဆဲ

    “ဖာပွန်ဘက်ခြမ်းမှာတော့ ကြံ့ခိုင်ရေးအားကောင်းတယ်၊ ဘာလို့လဲဆိုရင် မဲပေးခွင့်ရှိသူတွေထဲမှာ တပ်မိသားစုတွေအတော်များများပါနေတဲ့အတွက်လို့ သုံးသပ်လို့ရနိုင်တယ်ပေါ့။ ခုကရင်ဒီမိုကရက်တစ်ပါတီက ဝင်ပြိုင်မယ့်ကိုယ်စားလှယ်က ဒေသခံတွေ လက်ခံနိုင်တဲ့ အနေအထားမှာရှိတယ်၊ သူလည်း အားကောင်းနိုင်တယ်၊ အခက်အခဲရှိတာက ကျွန်တော်တို့ဘက်က ဒေသခံ အသက်အရွယ်ကြီးသူတွေအများစုမှာ မှတ်ပုံတင်တွေရှိ မနေကြဘူး၊ ဒါက ထောက်ခံသူတွေများပေမယ့် မဲရလဒ်နေရာမှာ စကားပြောသွားမယ့်အရာလည်းဖြစ်နေတယ်။” 

  • နန်းမြသီတာ 
  •  NLD အားတက်လာတဲ့ ဖာပွန်  

“ဖာပွန်ဘက်ခြမ်းမှာ မှာတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးက ပုံမှန်နိုင်လေ့ရှိတယ်။ ဒါပေမယ့် ဒီတစ်ခေါက်တော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးကျတော့လည်း အရင်ပုံရိပ်ကြောင့် ပြန်ပေးရမှာကိုလည်း ယုံကြည်မှုမရှိဘူးဖြစ်နေကြတယ်။ အာဏာရပါတီကပဲ ပြန်အားကောင်းလာနိုင်မလား စောင့်ကြည့်ရမယ့်သဘောြဖစ်နေတယ်။ ကြာအင်းဆိပ်ကြီးဘက်မှာက NLD အားကောင်းသလို ကြံ့ခိုင်ရေးလည်း ထောက်ခံသူတွေများတော့ အပြိုင်အဆိုင်တော့ တော်တော်ဖြစ်နိုင်တယ်” 

 

  • ဦးမြင့်အောင် 
  • ကော့ကရိတ်

“ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မှာ NLD ကအားကောင်းတယ်၊ ပြည်နယ်လွှတ်တော်က ရွေးချယ်ထားတဲ့သူနှစ်ယောက်ထဲက တစ်ယောက်က အဟောင်းပေါ့နော် သူက ငါးနှစ်သက်တမ်းမှာ အလုပ်လုပ်ခဲ့တာကို ပြည်သူတွေသဘောကျပြီးစိတ်ဝင်စားတဲ့အတွက် အားကောင်းနိုင်တယ်၊ နောက်တစ်ယောက်က ဒေသခံမဟုတ်တဲ့အပေါ်မှာ နည်းနည်းအားနည်းသွားနိုင်တဲ့သဘောရှိတယ်။” 

  • နန်းမြသီတာ (Research Institute for Society and Ecology) - ကရင်ပြည်နယ်” 
  • မွန်ပါတီတွေ အားပြန်ကောင်းလာနိုင်တဲ့ ကော့ကရိတ်

 “နောက်တစ်ခုကတော့ ကော့ကရိတ်တောင်ဘက်ခြမ်းကတော့ မွန်လူမျိုးများတာဖြစ်တဲ့အတွက် မွန်ပါတီတွေကနိုင်လေ့ရှိတယ်။၂၀၂၀ မှာလည်း မွန်ပါတီက ကိုယ်စားလှယ်လောင်းကို ပြည်သူတွေ တကယ်ကြိုက်တဲ့ ကိုယ်စားလှယ်လောင်းဖြစ်ခဲ့မယ်ဆိုရင် မွန်ပါတီတွေလည်း ကော့ကရိတ် တောင်ပိုင်းမှာ အားသာနိုင်တယ်။”

ကြာအင်းဆိပ်ကြီး

ဒီချုပ်နဲ့ ပြည်ခိုင်ဖြိုးလွန်ဆွဲနေတာမှာ နိုင်တဲ့သူဟာ မဲပြတ်နိုင်ဖို့ခက်လှပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly