လူထုရဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်မှုက အနိမ့်ဆုံးအဆင့်ထိ ကျဆင်းသွားတယ်ဆိုတဲ့ စစ်တမ်းအမှား

လူထုရဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်မှုက အနိမ့်ဆုံးအဆင့်ထိ ကျဆင်းသွားတယ်ဆိုတဲ့ စစ်တမ်းအမှား

အောက်တိုဘာ ၂၇  

ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ ပြည်သူလူထုရဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်မှုက အနိမ့်ဆုံးအဆင့် ထိ ကျဆင်းသွားတယ်ဆိုတဲ့ သတင်းအမှားကိုပြောပြပေးချင်ပါတယ်။  

ဒီသတင်းအမှားကတော့ ပြည်သူလူထုကို အခြေခံကောက်ယူထားတဲ့ စစ်တမ်းတစ်ခုဆိုပြီး ဒီ သတင်းမှာ ဖော်ပြထားပါတယ်။ ဒီစစ်တမ်းကိုတော့ Private Electroal Mornitoring Group (PEMG)ဆိုတဲ့ စစ်တမ်းကောက်ယူထားတာဖြစ်တယ်လို့ ဆိုပါတယ်။  

ဒီသတင်းအမှားကို Radio Free Myanmar ဝက်ဘ်ဆိုဒ်က တင်ထားတာဖြစ်ပါတယ်။  
ဒီစစ်တမ်းကို ၂၀၁၉ အောက်တိုဘာ ၉ရက်နေ့ကနေ ၂၀၂၀ အောက်တိုဘာ ၉ရက်အထိ စစ်တမ်းကောက်ယူခဲ့တာ ဖြစ်ပြီး ရလဒ်အရ ၂၀၁၅မှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြည်သူလူထုရဲ့ယုံကြည်မှုဟာ ၈၂ရာခိုင်နှုန်းကနေ ၂၀၂၀မှာတော့ ၁၃ရာခိုင်နှုန်းပဲရှိတော့ကြောင်းပါရှိပါတယ်။ ဘယ်အချက်တွေက မှားနေပါသလဲ။ ဆုမြတ်မေဇော်က ပြောပြပေးပါမယ်။ 

Misinformation Busters Episode ( 26 ) Segment  - 2

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required